NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအပါအဝင် လုပ်သား၂၀၀ကျော် လစာနှင့်နစ်နာကြေး ဘတ်၂သန်းကျော်ပြန်ရ

CoverLogo
347 Views
 
ထိုင်းနိုင်ငံ စာမွတ်ပကန် ရှိ ဆိုင်ကယ် အပိုပစ္စည်းစက်ရုံတစ်ခုမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် အလုပ်သမား၂၀၂ ဦးကို လစာအပြည့်မပေးဘဲ အလုပ်မှရုတ်တရက် ထုတ်ပယ်လိုက်တာကြောင့် ကူညီတိုင်ကြားပေးခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီMHAC(မဟာမိတ်အဖွဲ)ထံ က သိရပါတယ်။
 
မြန်မာလုပ်သားတွေ နဲ့ ထိုင်းလုပ်သား ၂၀၂ ဦးကို ပြီးခဲ့တဲ့ မေလ ၂၃ရက်က စက်ရုံက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ ပြီး လုပ်ခလစာကို လည်း အပြည့်ဝ မပေးတဲ့ အတွက် နယ်​မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ 𝐍𝐔𝐆 (အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီး)နဲ့ ပူးပေါင်း တိုင်ကြား​ခဲ့တယ်လို့ သိရပါတယ်။
 
အခုလို တိုင်ကြားခဲ့တဲ့ အတွက် ဩဂုတ်လ ၈ ရက်နေ့မှာ အလုပ်သမား ၂၀၂ဦး အတွက် ထိုင်းဘတ်ငွေ ၂သန်းကျော် ကို နယ်မြေခံကာကွယ်စောင့်ရှောက်မှရေးရုံး မှတစ်ဆင့် အလုပ်သမားတွေကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမား၂၀၂ဦး ထဲမှ ၁၅ ဦးဟာ မိမိတို ရရှိရမယ့် နစ်နာကြေး အပေါ် အပြည့်အ၀ လိုချင်တဲ့ အတွက် တရားရုံးကို ဆက်လက် တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။
 
အခုလို အလုပ်သမား၁၅ဦးရဲ့ထပ်မံ တိုင်ကြားတဲ့ အပေါ် MHAC အဖွဲ အနေနဲ့ ပြီးဆုံးသည်အထိ ကူညီဆောင်ရွက် ပေးသွားမယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း ရှိ စက်ရုံ အလုပ်ရုံ အချို့က မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုလုပ်ခလစာ အပြည့်မပေးဘဲ အခုလို အကြောင်းမဲ့ အလုပ်ထုတ်ခံရတာတွေ မကြာခဏ ဖြစ်ပေါ်နေပြီး NUG အလုပ်သမားဝန်ကြီးဌာန နဲ့ မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေက တစ်ဆင့် သက်ဆိုင်ရာ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွေကို တိုင်ကြားတောင်းခံ မှသာ နစ်နာမှုအတွက် ထိုက်သင့်တဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိတာဖြစ်ပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026