NEWS

အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး

CoverLogo
293 Views
 
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေဖြင့် အကြောင်းအမျိုးမျိုးနဲ့ မြန်မာသံရုံးကို အကူညီတောင်းခံ ရာမှာ မည်သည့်ဝန်ဆောင်မှု အခကြေးငွေ တစုံတရာမှ ပေးစရာမလိုဘူး လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာသံရုံး(ဖနွမ်းပင်မြို့)က အသိပေးထားပါတယ်။
 
မြန်မာသံရုံး အနေနဲ့ ကမ္ဘောဒီးယား နိုင်ငံ ကို အကြောင်းအမျိုးမျိုး နဲ့ ရောက်ရှိလုပ်ကိုင်လျက်ရှိတဲ့ (တရားဝင်/တရားမဝင်) မြန်မာနိုင်ငံသားတွေ အနေ နဲ့ မြန်မာသံရုံးသို့ ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားတဲ့ အခါမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သုံးစွဲအရေးယူဆောင်ရွက်လျက်ရှိတဲ့ 117 hotline သို့ ဆက်လက်တိုင်ကြားပေးခြင်း၊တရားမဝင်အလုပ်ရုံတွေ မှ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ ကို ကမ္ဘောဒီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးစခန်းများမှတစ်ဆင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ရှိ လူဝင်မှုကြီးကြပ်ရေးစခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံထားရတဲ့ မြန်မာ နိုင်ငံသား တွေ ကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်စေလွှတ်နိုင်ရေးကိစ္စများ ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
 
အခုလို လုပ်ဆောင်ပေးရာ မှာ မြန်မာသံရုံးသို့ မည်သည့် ဝန်ဆောင်မှု အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလို(မလို)ကြောင်း ၊ မြန်မာသံရုံးရဲ့ ဝန်ဆောင်မှု များဖြစ်တဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျောက်ဆုံး/ပျက်စီး လျှောက်ထားခြင်း၊ အခွန်ပေးဆောင်ခြင်းစတဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ အပေါ်မှာလည်း နိုင်ငံတော်မှ သတ်မှတ် ထားတဲ့ စာအုပ်တန်ဖိုး၊ ဒဏ်ကြေးတွေအပြင် အခြားအခကြေးငွေပေးရန် မလိုပါကြောင်း အသိပေးကြေညာထားပါတယ်။
 
ဒါကြောင့် မြန်မာသံရုံးမှ ဆောင်ရွက်လျက်ရှိတဲ့ အထက်ပါကိစ္စရပ်တွေ အပေါ် ခုတုံး လုပ်၍ လိမ်လည်ကောက်ခံသူတွေကို စစ်ဆေးတွေ့ရှိပါက မြန်မာသံရုံးအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနှင့် ပူးပေါင်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။
 
အကယ်၍ အခကြေးငွေ တောင်းခံရခြင်းနဲ့ အခြားအကြောင်းရာတွေကြောင့် ကျေနပ်မှု တစ်စုံတရာမရှိပါက ဖနွမ်းပင်မြို့ သံရုံးအကြီးအကဲ ကို တယ်လီဖုန်း အမှတ်+၈၅၅၁၆၂၃၉၄၄၆ ကို တိုင်ကြား နိုင်တယ်လို့ အသိပေးကြေညာ ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026