ARTICLE

ဟန်ပြပြည်တော်သာအရေးနဲ့စတေးခံရတဲ့ကျူး

CoverLogo
2.2K Views

ရန်ကုန်၊ မန္တလေးအစရှိတဲ့မြို့ကြီးတွေကပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေအခြေချနေထိုင်တဲ့နေအိမ်တွေကိုစစ်တပ်ကအာဏာသိမ်းပြီးနောက်မှာပဲအင်တိုက်အားတိုက်ရှင်းလင်းတာတွေလုပ်လာပါတယ်။

မြို့တော်သန့်ရှင်းရေးသာယာရေးဘယ်လိုပဲခေါင်းစဥ်တပ်တပ်ပြည်သူတွေဟာအဓမ္မနည်းနဲ့ချိန်းခြောက်နှင်ထုတ်ခံနေရတယ်ဆိုတာကျူးရှင်းလင်းရေးအမည်တပ်ထားတဲ့ကိစ္စတွေကနေထွက်ပေါ်လာတဲ့သတင်းအချက်အလက်နဲ့မှတ်တမ်းဓါတ်ပုံတွေကဆိုနိုင်ပါတယ်။

"ခုကျတော်တို့ကိုရဲနဲ့ရွာသားတွေကလာပြောသွားတယ်တပတ်အတွင်းဖယ်ပေးဖို့ဆိုတော့ကျတော်တို့ဘယ်နားသွားနေရတော့မှာလဲ နေစရာလေးရှိမှစားစရာကရှာလို့ရမှာလေ"လို့ ကျူးလို့သတ်မှတ်ထားတဲ့နေရာမှာနေထိုင်တဲ့ပြည်သူတဦးဖြစ်တဲ့ကိုတိုးကျော်(အမည်လွှဲ)ကပြောပါတယ်။

ကိုတိုးကျော်တို့နေထိုင်တဲ့နေရာက ရန်ကုန်တိုင်းလှိုင်သာယာအရှေ့ပိုင်းခရိုင်‌ညောင်ရွာလေးနားမှာရှိပြီးတော့အိမ်ခြေပေါင်း ၁၅၀၀ နဲ့လူဦးရေသောင်းဂဏန်းဝန်းကျင်မှီတင်းနေထိုင်ကြတာပါ။

နေထိုင်သူအများစုကတော့နာဂစ်မုန်းတိုင်းဒဏ်သင့်ကျေးရွာတွေကနေရေကြည်ရာ မျက်နုရာရွှေ့ပြောင်းလုပ်ကိုင်စားသောက်ကြသူတွေပါ။

"နေလာတာကလဲဒီမှာအရင်ထဲက တောင်းသမျှလူပေးပြီးနေရာရတာပါ ရွာတွေမှာလဲဘာမှရှိတာမဟုတ်ဖူး။ လယ်လဲပြန်မလုပ်တတ်တော့ဘူး ခုအားခြင်းကြီးတွေ ခုလိုလုပ်လာတယ်ဆိုတော့ကျတော်တို့ကဆင်းရဲသားပဲသူတို့ကိုဘယ်လိုတုံ့ပြန်နိုင်ပါ့မလဲဗျာပြုသမျှခံရယုံပဲဖြစ်နေတာ"လို့ ကိုတိုးကျော်ကဆက်ပြောပါတယ်။

မြေယာပိုင်ဆိုင်တယ်ဆိုသူတွေကနေစစ်တပ်နဲ့ရဲကိုအသုံးချပြီးငွေပေးနှင်ထုတ်ခိုင်းတာတွေရှိနေသလိုသူဌေးပေါက်စတွေကပဲ နှင်ထုတ်ခံရတဲ့ပြည်သူတွေဆီကနေငွေကြေးအနည်းငယ်ပေးပြီးပြန်ဝယ်နေတာမျိုးတွေလဲရှိနေတယ်လို့လဲ ကျူးနေပြည်သူတွေထံကတဆင့် ကြားသိရပါတယ်။

"ငါတို့လဲဒါလေးတွေရှင်းမှအောက်ပေါက်လေးစားရတာလို့ရဲကပြောတာကြားတယ် ဖျက်ဖို့စာတွေကလဲတရားဝင်ကိုမဟုတ်ဖူး။ ဘယ်ကထုတ်လို့ထုတ်မှန်းကိုမသိတာဗျာ သူတို့ကအမိန့်နဲ့လုပ်နေတာကြီးကျတော်တို့မှာမိသားစုထောင်ချီပြီးဒုက္ခပင်လယ်ဝေနေရပြီ"လို့ ကျူးနေပြည်သူတဦးကပြောပါတယ်။

ကျူးဆိုပြီးအဓမ္မဖယ်ရှားရှင်းလင်းခံရတဲ့အပြင်အဆောင်နဲ့လိုင်းခန်းတွေပြောင်းနေပြန်ရင်လဲကန့်သတ်ချက်တွေရှိနေတာကြောင့်မိသားစုများတဲ့သူတွေအတွက်နေစရာကအခက်တွေ့နေရဆဲပါ။

ဒီကိစ္စမှာစစ်တပ်ကိုတွန်အားပေးမောင်းနှင်နေတာက ခရိုနီတွေ၊ သူဌေးပေါက်စတွေနဲ့စစ်တပ်အကြီးပိုင်းကသူတွေဖြစ်တယ်လို့ကျူးနေပြည်သူတွေကအခိုင်အမာယုံကြည်ထားပါတယ်။

"သူဌေးဆိုတဲ့သူတွေဆီကပိုက်ဆံယူပြီးဖျက်တာပေါ့ဗျာသူတို့ကရက်ရက်စက်စက်ရှေ့မှာလဲဘတ်ဖိုးနဲ့ကုတ်ပြထားတော့လူတွေကကြောက်နေကြပြီပြေးဖို့ကလဲမြေမရှိတော့လမ်းပေါ်မှာပဲတာလပတ်ခင်းအိပ်ရတာပေါ့သေလဲမထူးနေလဲမထူးပါ"လို့ ကိုတိုးကျော်ကပဲဆက်ပြောပါတယ်။

ဒီအဓမ္မနှင်ထုတ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်တပ်ဟာလူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာလို့ကုလသမဂ္ဂကလွန်ခဲ့တဲ့လမှာပဲကြေညာချက်တစောင်ထုတ်ပြန်ထဲ့ပေမယ့်စစ်တပ်ကဒီလုပ်ရပ်ကိုထုံးစံအတိုင်းရပ်တန်းကမရပ်ခဲ့ပါဘူး။

"ဒီလိုကာလကြီးမှာပြောချင်တာကဗျာခရိုနီတွေကိုလဲမလုပ်ကြပါနဲ့လို့လက်လုပ်လက်စားမိသားစုတွေရဲ့ဘဝကိုငဲ့ပြီးကြည့်ပေးကြပါကူညီနိုင်တဲ့သူတွေရှိရင်လဲကျတော်တို့ကိုပစ်မထားကြပါနဲ့ကူညီပေးကြပါလို့ပဲပြောချင်ပါတယ်"လို့ကျူးနေပြည်သူတဦးက MLN ကိုပြောပါတယ်။

ဒီလိုပြည်သူတွေကိုလက်နက်နဲ့အဓမ္မရွှေ့ပြောင်းခိုင်းနေတာတွေကြောင့်ရန်ကုန်က လှိုင်သာယာတမြို့နယ်ထဲမှာတင်ပြည်တွင်းရွှေ့ပြောင်းလုပ်သားအခြေချနေထိုင်သူသောင်းဂဏန်းအထက်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပြီလို့ဆိုနိုင်ပါတယ်။

ယမန်နေ့ကပဲလှိုင်သာယာမြို့နယ်ထဲကဝေဖြိုးဟိန်းစျေးတန်းကိုတပ်နဲ့ရဲစည်ပင်တွေကအင်အားသုံးပြီးဘတ်ဖိုးတွေနဲ့ပါဝင်ရောက်ဖျက်ဆီးရှင်းလင်းခဲ့ပါသေးတယ်။

ဒီကိစ္စတွေဟာပြည်တော်သာအရေးဆိုပြီးအာဏာရှင်အဆက်ဆက်ခေါင်းစဥ်တပ်ပြီးကိုယ်ကျိုးစီးပွားအတွက်စားပေါက်ရှာတဲ့လုပ်ရက်တခုလို့ပြောရင်မမှားမယ်မထင်ပါဘူး။


Related posts

Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025
Cover
၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ
Oct 20, 2025