NEWS

သံရုံးအမည်အသုံးပြု လိမ်လည်မှုများရှိနေဟုဆို

CoverLogo
506 Views

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးအမည်ကို အသုံးပြုကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းယူရန် လိ-မ်-လ-ည်မှုများရှိနေ‌ကြောင်းစင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေး ထုတ်ပြန်ထားပါတယ်။ 

 

သံရုံးအနေနဲ့  နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ရက်ချိန်းယူဖို့အခြား လူပုဂ္ဂိုလ်၊ ဝန်ဆောင်မှုလုပ်ငန်းကိုမှ ဆောင်ရွက်ခွင့် မပြုထားဘူးလို့ဆိုပါတယ်။ 

 

လက်ရှိမှာ စင်ကာပူရောက် မြန်မာနိုင်ငံသားများအပေါ် သံရုံးရက်ချိန်းယူပေးမယ်လို့ဆိုကာ သံရုံးရဲ့WhatsApp နံပါတ်များကို အချက်အလက်များပေး ပို့ခိုင်းပြီး ငွေကြေးများရယူနေကြောင်း နစ်နာသူများထံက‌နေစုံစမ်းသိရှိနေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

 

ဒါကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာနဲ့ပတ်သက်ပြီးရက်ချိန်းရယူရန် သံရုံးရဲ့ WhatsApp နံပတ်များကိုကာယကံရှင် ကိုယ်တိုင်ပေးပို့ကြရန်၊ မိသားစုဝင်ဖြစ်လို့ ဖုန်းနံပတ်တခုတည်းမှ ပေးပို့မယ်ဆိုပါကလည်း မိသားစုဝင်ဖြစ်ကြောင်း အထောက်အထား တွဲကာပေးပို့ရန်၊ မြန်မာသံရုံး Whats App နံပတ်များကို ပေးပို့ခြင်းများအတွက် အခကြေးငွေတောင်းခံမှုရှိပါက သံရုံးရဲ့ နံပတ်ဖြစ်တဲ့ (+6581748 993)ကို အသိပေးကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပါတယ်။

 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026