NEWS

သရက်ချောင်းမြို့နယ်တွင် သံဃာတော်များ  စစ်ကောင်စီ ကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

CoverLogo
46 Views

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ သံဃာတော်များက ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းမှာ  ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကာ စစ်ကောင်စီကို  ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ် အတွင်းရှိ အမှတ်၈ ပြည်ထောင်စု လမ်းမကြီးပေါ်ချီတက် လမ်းလျှောက်ခဲ့တယ်လို့ဆိုပါတယ်။

အခုလို  ဆန္ဒပြရခြင်း မှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့မှုအား ဆန့်ကျင်တဲ့ အနေဖြင့် ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော် မူရ ခြင်း နဲ့ ပက်သက်ပြီး ဇွန် ၂၃ ရက်တွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စတင် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ရာမှာ  ယခုအခါ ကံဆောင်သပိတ်မှောက်မှု ၂၁ မြို့နယ်အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
အင်တာနက်ကွန်ယက် အားနည်းလာမှု ၊ VPN ချိတ်ဆက်မရမှုနဲ့ သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးလာတဲ့ မြန်မာပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ
Jul 06, 2024
Cover
ဆန်နှင့်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ရန်ပျက်ကွက်ပါက အရေးယူမည်ဟုဆို
Jul 05, 2024
Cover
မကွေးထောင်ကို အပြောင်းအရွှေ့နဲ့ ရောက်လာတဲ့နိုင်ငံ​​ရေးအကျဥ်းသား​တွေ ရိုက်နှက်ဖိနှိပ်ခံနေရဆဲဟုဆို
Jul 04, 2024
Cover
တရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့ ဆန်ကြမ်းတစ်ပြည်ပင်မရနိုင်‌တော့
Jul 04, 2024
Cover
ကလေးလုပ်သားပိုများလာပြီး လုပ်ခလစာခေါင်းပုံဖြတ်ခံနေရ
Jul 04, 2024
Cover
ပြည်တွင်းက ဘဏ် ၇ ခုနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကိုပါ အရေးယူမယ်လို့ စစ်ကောင်စီ ကြေညာ
Jul 02, 2024
Cover
Aeon Orange ဈေးဝယ်စင်တာရဲ့ဒါရိုက်တာ ဂျပန် နိုင်ငံသားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တောင်းဆို
Jul 01, 2024
Cover
စားအုန်းဆီ ပြင်ပပေါက်ဈေး တပိဿာလျင် ၁၃၅၀၀ ကျပ်အထိရှိလာ
Jul 01, 2024