NEWS

သတ်မှတ်ရက် မထုတ်ယူပါက အခွန်ပေးသွင်းမှုအထောက်အထား ထုတ်မပေးဟု ဆိုးလ် မြန်မာသံရုံးကြေညာ

CoverLogo
395 Views
 
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ထမ်းဆောင်ရမယ့် ဝင်ငွေခွန် ကို သံရုံးရဲ့ ဘဏ်စာရင်း ထဲသို့ ပေးသွင်းပြီးပါက အခွန်ပေးသွင်းမှုအထောက်အထားကိုပါ လာရောက်ထုတ်ယူကြဖို့ ဆိုးလ်မြို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
 
သတ်မှတ်ရက်အတွင်း မထုတ်ယူပါက အခွန်ပေးသွင်းမှု အထောက်အထားကို ထုတ်မပေးတေ့ာဘူး လို့ ဇူလိုင်၅ရက်က မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
 
ထမ်းဆောင်ရမယ့် ဝင်ငွေခွန်ကို သံရုံးရဲ့ဘဏ်စာရင်းသို့ တိုက်ရိုက်ပေးသွင်းပြီး အခွန်ပေးသွင်းမှုအထောက်အထားကို သံရုံးမှာ ထုတ်ယူရတဲ့ စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မေလ ၁၂ရက် က စတင်ခဲ့တာ ဖြစ်ပါတယ်။
 
ဝင်ငွေခွန်ကို သံရုံးရဲ့ ဘဏ်အကောင့်ထဲကို အခွန်ငွေ သွင်းပေမယ့် အခွန်ပေးသွင်းမှုအထောက်အထားကို လာရောက်ထုတ်ယူခြင်းမရှိဘူးလို့ သိရပါတယ်။ အခုလို အခွန်ပေးသွင်းမှုအထောက်အထား မထုတ်သူ ဦးရေက မေလ မှာ ၄ဦးနဲ့ ဇွန်လ မှာ ၁၃ဦး စုစုပေါင်း ၁၇ဦး ရှိတယ်လို့ မြန်မာသံရုံးက ကြေညာထားပါတယ်။ ဒါ့အပြင်ထမ်းဆောင်ရမယ့် ဝင်ငွေခွန်ပမာဏထက် ကျော်လွန်ပြီး / လျော့နည်းပြီး ငွေလွှဲထားကြလို့ အခုလို့ အသိပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခွန်ပေးသွင်းမှုအထောက်အထား ကို ဇူလိုင် ၁၈ရက် နောက်ဆုံးထားပြီး သံရုံးကို လာရောက် ထုတ်ယူဖို့နဲ့ ပျက်ကွက်ပါက အခွန်ပေးသွင်းမှုအထောက်အထား ထုတ်ပေးခြင်း ဆောင်ရွက်ပေးတော့မှာမဟုတ်ဘူးလို့ အသိပေးကြေညာထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026