NEWS

သတ္တုအရည်ကျိုမီးဖို ပေါက်ကွဲ မှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းထန် ရရှိ

CoverLogo
217 Views
 
ထိုင်းနိုင်ငံ ပရာဂျင်ဘူရီ ခရိုင်ရှိ စတီးသတ္တု ရည်ကျိုတဲ့ စက်ရုံ တစ်ခု မှာ သတ္တုရည်ကျိုတဲ့ မီးဖို ပေါက်ကွဲ မှုကြောင့် စက်ရုံ မှ မြန်မာလုပ်သားတစ်ဦးသေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
 
ဩဂုတ် ၁၂ ရက် မနက် ၃ နာရီခန့် က စက်ရုံရဲ့ ဒုတိယ ထပ်ရှိ မီးဖိုပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး အရည်ကျိုထားတဲ့ သတ္တုရည်တွေ ပန်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို သတ္တုရည် တွေ ပန်းထွက်တာကြောင့် မီးဖို အနီးရှိ မြန်မာလုပ်သား များအပေါ်ကို ကျရောက်ခဲ့ကာ လောင်ကျွမ်းသွားတဲ့ အတွက် မြန်မာလုပ်သားတစ်ဦးသေဆုံးခဲ့ ပြီး တစ်ဦးမှာ လက်များ လောင်ကျွမ်းပြီး ဒဏ်ရာ ပြင်းထန်တယ်လို့ သတင်းမှာဖေါ်ပြထားပါ တယ်။
 
တာဝန်ရှိသူတွေအနေနဲ့ ဒဏ်ရာရရှိတဲ့ မြန်မာအလုပ်သမား ကို ကဆေးမ်ရတ် ၃၀၄ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး၊ သေဆုံးသွားတဲ့ မြန်မာအလုပ်သမားရဲ့ ရုပ်အလောင်းကိုတော့ သီမဟာဖိုဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
 
လက်ရှိမှာတော့ ဒီပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စက်မှုလက်မှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သတင်းမှာဖေါ်ပြထားပါတယ်။
Ref- Thairath News
 

Related posts

Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026