NEWS

သတင်းထောက် ကိုကျော်စွာထွန်း အင်းစိန်အကျဉ်းထောင်က ပြန်လွတ်

CoverLogo
520 Views

စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ သတင်းထောက် ကိုကျော်စွာထွန်း ဟာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ 

သတင်းထောက် ကိုကျော်စွာထွန်းဟာ ၂၀၂၂ စက်တင် ဘာ ၈ ရက်မှာ သင်္ဃန်းကျွန်း ရတနာလမ်းအနီးမှာ ဒရုန်းစမ်းသပ်မောင်းနှင်ခဲ့ရာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂နှစ် ၂လအကြာမှာ ပြန်လွတ်ခဲ့တာဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းသမားများ အမြန်ဆုံး ပြန်လွတ်စေချင်တယ်လို့ ကိုကျော်စွာထွန်းက ပြောပါတယ်။ 

"ကျနော်ကတော့ လွတ်လာခဲ့ပြီ။ တနိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေကိုလည်းအမြန်ဆုံး ပြန်လွတ်မြောက်စေချင်တယ်"လို့ ကိုကျော်စွာထွန်းက ပြောကြားခဲ့ပါတယ်။ 

သတင်းထောက် ကျော်စွာထွန်းဟာ  7 Day TVတွင် သတင်းထောက်၊  Mizzima မီဒီယာတွင် Fact Checkerအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းခဲ့သော ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်မှစ၍  နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၇၄) ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌‌ ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် (၂၁၁၂၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများအနက် (၉၅၂၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။ 

News&Photo-CJ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026