NEWS

သင်္ဘောသား လုပ်ကိုင်လိုသူတွေကို အေးဂျင့်မှ ငါးဖမ်းသင်္ဘောပေါ် ရောင်းစားမှုဖြစ်

CoverLogo
251 Views
 
သင်္ဘောသား အလုပ်လုပ်ကိုင်လိုတဲ့ လုပ်သားတွေ ကို ပို့ဆောင်ပေတဲ့ အေးဂျင့် က Reefer(ကွန်တိန်နာ)သင်္ဘောတက်ရမယ်ဆိုကာ လိမ်လည်ပြီး ငါးဖမ်းသင်္ဘောပေါ် ပို့ဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာန ခွဲ မှသိရပါတယ်။
 
ရန်ကုန်၊ ကျောက်တံတားမြို့နယ် လမ်း၄၀မှာ ဖွင့်လှစ်ထားတဲ့ Strength Star Shipping co,ltd ဟာ SRPS လိုင်စင်ရယူထားခြင်းမရှိဘဲ သင်္ဘောသား အလုပ်လိုချင်သူတွေ ကိုပို့ဆောင်ပေးနေတာ မှာ မြန်မာသင်္ဘောသား ၃ဦး ကို Reefer(ကွန်တိန်နာ)သင်္ဘောတက်ရောက်ရမယ် ပြောဆိုခဲ့ပေမယ့် ငါးဖမ်းသင်္ဘော ပေါ်သို့ ပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
၎င်းမြန်မာသင်္ဘောသား ၃ဦးဟာ မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ပြောကြားခဲ့ ပေမယ့် ပြန်လည်ပို့ဆောင်ပေးခြင်း မရှိတဲ့ အပြင် ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်တွေ ပါ အလုပ်ခိုင်းစေခြင်း ကင်းစောင့်ရန် ငှားရမ်းထားတဲ့ ဆိုမာလီလက်နက်ကိုင်များရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အထိ အခက်ခဲ ဖြစ်နေတဲ့ အတွက် ကူညီဆောင်ရွက်ပေးဖို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာန ခွဲသို့ တင်ပြလာတယ်လို့ သိရပါတယ်။
 
ယခုဖြစ်စဉ် ကိုစိစစ်ရာမှာ မြန်မာသင်္ဘောသား၃ဦးဟာ သင်္ဘောတက် ရန် အတွက် ဌာနက အသိပေးကြေညာထားတဲ့ တရားဝင် SRPS ကုမ္ပဏီတွေ နဲ့ ချိတ်ဆက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ သင်္ဘောသားပို့ဆောင်ခြင်း လုပ်ငန်းကို တရားမဝင် ဆောင်ရွက်နေတဲ့ ပြင်ပကုမ္ပဏီနဲ့ ဆက်သွယ်ပြီး အလည်အပတ်ထွက်စာနဲ့ သင်္ဘောတက်ရောက်ဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက် အခုလို ငါးဖမ်းသင်္ဘောပေါ်ကို ပို့ဆောင်ခံရကာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အထိ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာန ခွဲမှ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF)ထံ စက်တင်ဘာ ၁၉ ရက်က ပို့ဆောင်ထားတဲ့ကြောင်းစာမှာဖေါ်ပြထားပါတယ်။
 
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) အနေနဲ့ SRPS ကုမ္ပဏီတွေက Strength Star Shipping co,ltd အပါအဝင် သင်္ဘောသား ပို့ဆောင်ခြင်း လုပ်ငန်းကို တရားမဝင်ဆောင်ရွက်နေတဲ့ ပြင်ပကုမ္ပဏီတွေနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းမပြုကျရန် ဖြစ်စဉ်မှာပါရှိတဲ့ Liao Daung Yu 571, Liao Daung Yu 572နဲ့Liao Daung Yu 581 ငါးဖမ်းသင်္ဘောများသို့ သင်္ဘောသားများ စေလွှတ်ခြင်း မပြုဖို့ အသိပေးထားပါတယ်။
 
ယခုကဲ့သို့ သင်္ဘောသား များကို ငါးဖမ်းသင်္ဘောပေါ် သို့ လိမ်လည် ပို့ဆောင် ခြင်းခံရတဲ့ ဖြစ်စဉ်မှာပါဝင်တဲ့ SRPS ကုမ္ပဏီ တွေကို လိုင်စင်ရုတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ခြင်းခံရမယ်လို့ သတိပေးထားပါတယ်။
 

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025