NEWS

သင်္ကြန်ကာလနေရပ်ပြန်မယ့်  မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရမှ  ဗီဇာကင်းလွတ်ခွင့် ဖြင့် နေရပ်ပြန်ခွင့်ပြု

CoverLogo
330 Views

သင်္ကြန်ကာလ နေရပ် ပြန်မယ့်  မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားတွေ ကို ထိုင်းအစိုးရက ဗီဇာကင်းလွတ်ခွင့်နဲ့ နေရပ် ပြန်ခွင့် ပြုလိုက်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထံမှ သိရပါတယ်။ 

 

မတ်လ ၁၁ ရက်က ထိုင်း အလုပ်သမားဝန်ကြီးနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပြည်ပရွှေ့ပြောင်း လုပ်သားများအရေး အစည်းဝေးပွဲ ပြီးနောက် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

 

ဝေါ့ပါမစ်နှင့်ဗီဇာရရှိထားပြီးဖြစ်တဲ့လာအို၊ မြန်မာ၊ကမ္ဘောဒီးယား သုံးနိုင်ငံရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့  သင်္ကြန်ကာလအတွင်း နေရပ်ပြန်လို ပါက Re-Entry Permit လျှောက်ထားစရာမလိုဘဲ  ဧပြီလ ၁ ရက်နေ့ မှ  မေလ ၁၅ ရက်နေ့ အထိ  နိုင်ငံအဝင်အထွက် အိမ်ပြန်တုံး ထုစရာမလိုဘဲ ကင်းလွတ်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ 

 

""အခုလိုဗီဇာ ကင်းလွတ်ခွင့်ပေးပေမယ့် ထိုင်းရောက်မြန်မာအလုပ်သမားတွေ အနေနဲ့ တော့ အိမ်ပြန်မယ့်သူ အလွန်နည်းမှာပါ နိုင်ငံရေးအခြေနေ ကောင်းချိန်တုန်းကတော့ အခုလို မျိုးဆို နေရပ်ကို ပြန်ကြမှာ အများပြား ဘဲ အခုကတော့  ပြန်စရာ အိမ်မရှိတဲ့ သူတွေ နဲ့ စစ်မှုထမ်းကြောက်လို့ အိမ်မပြန်ရဲတဲ့သူတွေနဲ့ဆိုတော့ မပြန်ကျဖို့ များပါတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

 

ဗီဇာကင်းလွတ်ခွင့် ကို ၂၀၂၅ ဧပြီ ၁ရက်မှ မေလ ၁၅ ရက် အထိ ဖြစ်တဲ့ အတွက် မေလ ၁၅ရက် နောက်ပိုင်းမှ ထိုင်းနိုင်ငံ အတွင်း ပြန်ဝင်ရောက်သူတို့ကိုတော့ သတ်မှတ်နှုန်းထား အတိုင်းငွေကြေးကောက်ယူမယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026