NEWS

သက်တမ်းရှိ PV နိုင်ငံကူးလက်မှတ်တွေ PJ ပြောင်းလိုလျှင် လက်ခံဆောင်ရွက်မယ်လို့ဆို

CoverLogo
2K Views

ပြည်ပကိုအလုပ်ထွက် လုပ်ကြတဲ့သူတွေအနေနဲ့ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားလိုပါက ယနေ့အောက်တိုဘာ၂၈ကနေစကာ ပြောင်းလဲဖို့လက်ခံဆောင်ရွက်ပေးတော့မယ်လို့မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ထုတ် ပြန်ပါတယ်။ 

Passport for job (PJ) အမျိုးအစားနိုင်ငံကူးလက်မှတ်များအစား Passport for visit(PV) အမျိုးအစား နိုင်ငံကူးလက်မှတ်တွေနဲ့သာ ပြည်ပထွက်ခွာကာ အလုပ်လုပ်ကိုင်သူတွေများလာတဲ့အတွက်  လေဆိပ်အထွက်မှာ အဆင်မ‌ပြေတာတွေရှိနေလို့  အလုပ်သမားဝန်ကြီးဌာန နဲ့ ချိတ်ဆက်ကာ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားဖို့  ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။ 

သာမန်အားဖြင့်ယခင်က  PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအနေနဲ့ သက်တမ်းကုန်ဆုံးရက် ၁၄ လအောက် ရှိမှသာ PJ အမျိုးအစားကို ပြောင်းလဲလျှောက်ထားဖို့သတ်မှတ်ထားသော်လည်း ယခုအခါ PV အမျိုးအစားနဲ့ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်နေပြီး တရားမဝင်ဖြစ်သွားတဲ့အလုပ်သမားတွေများလာနေလို့ PJ အမျိုးအစားနဲ့တရားဝင်အလုပ်အတွက်သွားလာမှုတွေရှိရန် ဆောင်ရွက်တာလို့ သိရပါတယ်။ 

အဲဒါကြောင့် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင်ဆိုင်ရာ အထောက် အထားနဲ့ သက်တမ်း ရှိ PV နိုင်ငံကူးလက်မှတ်ကနေ PJ နိုင်ငံကူးလက်မှတ်လျှောက်ထားလျှင်အောက်တိုဘာ၂၈ ရက်ကစပြီး လက်ခံဆောင်ရွက်မယ်လို့သိရပါတယ်။ 

"PV တွေကို PJ အတင်းပြောင်းလုပ်ခိုင်းနေတာတွေက အခွန်ပိုဆောင်ရအောင်လုပ်သလိုပဲလို့မြင်တယ်။ ဒီမှာက ကိုယ့်နိုင်ငံတွင်းမှာ အခုအောက်တိုဘာလကုန်မှ လုပ်ပေးမယ်လို့ပြောတာ။စင်္ကာပူ က သံရုံးတို့ လိုနိုင်ငံခြားကသံရုံးတွေမှာဆို PV ကနေ PJပြောင်းဖို့ အောက်တိုဘာလလယ်လောက်ထဲက သံရုံးတွေကဆောင်ရွက်ပေးမယ်ပြောနေတာ ၊အဓိကတော့သူတို့လိုချင်တာနိုင်ငံခြားရောက်နေတဲ့သူတွေဆီကအခွန်ကိုပါ။ မြန်မာကနေPVနဲ့ထွက်လာပြီး အလုပ်လုပ်လည်း ဒီဖက်နိုင်ငံခြားဘက်ကအလုပ်ရှင်လက်ခံရင် အဆင်ပြေနေတော့ အရင်ကPVနဲ့ထွက်သွားသူတွေက PJပြောင်းဖို့သိပ်စိတ်မဝင်စားတော့ဘူး။မြန်မာကိုပြန်လာရင်သာဒီကိစ္စက ပြဿနာလေ ဟိုနိုင်ငံတွေမှာကအေးဆေးဆိုတော့ ဒါကိုလုပ်ဖို့အရမ်းအမြန်ကြီးလိုအပ်တယ်လို့ အလုပ်သမားအများစုကမထင်ကြပါဘူး"လို့ အလုပ်သမားအရေး လုပ်ကိုင်နေသူတစ်ဦးကသူ့အမြင်ကိုပြောပြပါတယ်။

အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ် နဲ့အလုပ်သမား သက်သေခံကတ်OWIC ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ပြုမှာဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ 

မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပထွက်ခွာမှုတွေကို လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စိစစ် တားမြစ်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာမယ့် လူငယ်တွေကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးမှု ပိုမိုတင်းကျပ်လျက်ရှိပြီး တချို့ကတော့ ပြည်ပ ထွက်ခွာခွင့်မရတဲ့အထိ ကြုံနေရတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဇွန်လ ၆ ရက်နေ့ကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (Passport for Job - PJ) မှ အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit - PV) ပြောင်းလဲ လျှောက်ထားမှုကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026