NEWS

သက်တမ်းကျော်လွန်နေထိုင်သူများကို ဗီဇာ လုံးဝ (လုံးဝ) ပြုလုပ်မပေးဟု ထိုင်းရှိ မြန်မာသံရုံးကြေညာ

CoverLogo
1K Views
 
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဗီဇာသက်တမ်းတိုးရာမှာ မြန်မာသံရုံးထံ မှ ထောက်ခံစာ တောင်းယူဖို့ အတွက် နေထိုင်ခွင့် သက်တမ်း အနည်းဆုံး ၇ ရက် ကျန်ရှိရမှာ ဖြစ်ပြီး သက်တမ်း ၇ ရက် မပြည့်သူများနဲ့ သက်တမ်း ကျော်လွန် နေထိုင်သူတွေကို ထောက်ခံစာ လုံးဝ(လုံး၀) မလုပ်ပေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ သိရပါတယ်။
အခုလိုသက်တမ်း ကျော်လွန်သူတွေကို ဗီဇာမပြု လုပ်ပေးတာကြောင့်လည်း လက်ရှိမှာ ထိုင်းနိုင်ငံ အတွင်းဗီဇာ သက်တမ်းတိုးရာ မှာ မြန်မာသံရုံးရဲ့ ထောက်ခံစာ ကို အတု ပြုလုပ်တာတွေ ရှိလာတယ်လို့ အောက်တိုဘာ ၉ရက် နေ့က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး(ဗန်ကောက်)က ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာသံရုံး (ဗန်ကောက်) မှာ ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် လည်းကောင်း၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ဖြင့်လည်းကောင်း ရောက်ရှိနေသူတွေ ကို အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးနိုင်ရန် လိုအပ်တဲ့ ထောက်ခံစာ ပြုလုပ်ပေးလျက်ရှိပါတယ်လို့ ဆိုပါတယ်။
အခုလို ပြုလုပ်ပေးတာမှာ နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက်ကျန်ရှိသူများကိုသာ ပြုလုပ်ပေးတဲ့ အတွက် ရက်ကျော်လွန်နေထိုင်သူအချို့ဟာ လတ်တလောမှာ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ကို လာရောက်ပြီး မြန်မာသံရုံး၏ ထောက်ခံစာအတု (အတု) ဖြင့် ဗီဇာသက်တမ်းတိုး လျှောက်ထားမှုတွေရှိနေတယ်လို့ သက်ဆိုင်ရာက အသိပေးလာတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
အခုလို သံရုံး ထောက်ခံစာ အတု ပြလုပ်တာနဲ့ ပတ်သက်ပြီး သံရုံး၏ ကောင်စစ်အရာရှိများ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့သော ထောက်ခံစာများ၏ စာနံပါတ်နှင့် ရက်စွဲတို့ကို ပေးပို့ထားပြီ သက်ဆိုင်ရာနိုင်ငံများရဲ့ ဌာနများအနေနဲ့ ထောက်ခံစာတစ်စောင်အပေါ် သံသယရှိပါက ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း၊ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားကာ စာနံပါတ်၊ ရက်စွဲ၊ ထုတ်ပေးသူအမည်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် နောင်တွင် အတုအပပြုလုပ်ပေးသူ၊ အတုအပထောက်ခံစာဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ လာရောက်သူများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။
လတ်တလောမှာလည်း Passport No. MF364672 (Date of Birth 01 March 1997) ကိုင်ဆောင်သူ ကိုလည်း ထောက်ခံစာအတုပြုလုပ်တာနဲ့ ပက်သက်ပြီး မြန်မာသံရုံး (ဗန်ကောက်) သို့ လာရောက်သတင်းပို့ရန်၊ ရှင်းလင်းရန် ကြေညာထားပြီး အောက်တိုဘာ ၂၅ရက် အတွင်း မလာရောက်ပါက၎င်းရဲ့ နိုင်ငံကူးလက်မှတ် ကို Null and Void ကြေညာဖျက်သိမ်းသွားမယ်လို့မြန်မာသံရုံးက အသိပေးထားပါတယ်။
Photo-Myanmar Embassy Bangkok

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026