NEWS

ဝန်ဆောင်ခ ပိုမိုကောက်ခံသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များအား တိုင်ကြားနိုင်ဟုဆို

CoverLogo
409 Views
 
ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ​တွေက တဆင့် ပြည်ပသွားရောက်မယ့် အလုပ်သမား တွေ ဆီကနေ ဝန်ဆောင်ခ ကို သတ်မှတ်ထားတဲ့ ပမာဏ ထက် ပိုမိုကောက်ခံပါက ဝန်ကြီးဌာနထံ တိုင်ကြား နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမား ဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
ဝန်ကြီးဌာန မှ အေဂျင်စီတွေနဲ့ ပြည်ပသွားရောက်မယ့် လုပ်သားတွေ နစ်နာမှု မရှိစေဖို့ နိုင်ငံ အလိုက် ဝန်ဆောင်ခ တွေကို စိစစ် တွက်ချက် သတ်မှတ်ထားရှိတယ်လို့ဆိုပါတယ်။
 
""ဝန်ကြီးဌာန အနေနဲ့ အရင်ကတည်းက သင့်တော်တဲ့ ဝန်ဆောင်ခ နှုန်းထား သတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။အေဂျင်စီ ဘက်က ဝန်ဆောင်ခ ပိုမိုကောက်ခံ လို့ အလုပ်သမားက တိုင်ကြား လာရင် သက်ဆိုင်ရာ အေဂျင်စီ ကို ဝန်ကြီးဌာန အနေနဲ့ လိုအပ်သလို စစ်ဆေးပြီးတော့ လုပ်ထုံး လုပ်နည်းနဲ့ အညီ လိုင်စင် ပိတ်သိမ်းခြင်း လိုင်စင် ပယ်ဖျက်ခြင်း အပြင် ၁၉၉၉ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၇ နဲ့ပါ အမှုဖွင့် အရေးယူ ဆောင်ရွက်ပါတယ်""လို့ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ၊ရွှေ့ပြောင်းအလုပ်သမားဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
မြေပြင်အခြေနေမှာတော့ စစ်တပ်အာဏာသိမ်းပြီး ကတည်းက ပြည်ပထွက်အလုပ်လုပ်တဲ့ လုပ်သားတွေ များလာသလို ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ အတော်များများဟာလည်း ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ ထက် အဆများစွာ ပိုမို ကောက်ယူနေ တာကြောင့် ပြည်ပသွားရောက် လိုတဲ့ လုပ်သား တွေ မှာ ငွေကြေး ပိုမို ကုန်ကျကာ အခက်ခဲတွေ ဖြစ်ပေါ် လျက်ရှိတယ်လို့ လုပ်သားတွေ ထံမှ သိရပါတယ်။
 
"ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ကောက်ယူတဲ့ အေဂျင်စီက မရှိသလောက်ဘဲ ဌာန ကသူတွေလည်း သိနေတာဘဲ သူတို့ စိစစ်အရေးယူမှု မလုပ်လို့ ပိုဆိုးလာတာ ဟိုရက်ကပဲ နာမည်ကြီးအေဂျင်စီတစ်ခုက မလေးရှား အလုပ်တွေ ခေါ်နေလို့ စုံစမ်းကြည့်တာ ဝန်ဆောင်ခ က USဒေါ်လာ ၃၀၀၀ ကျော် တဲ့ ဌာနက သတ်မှတ်ထားတာက US ဒေါ်လာ ၈၅၀ တဲ့ အဆ များစွာ ကွာနေပြီ ဒီဘက်မှာ အဆင်မပြေလို့ ပြည်ပထွက် အလုပ်လုပ်ကျတာ အခုတော့ ဝန်ဆောင် ခ အတွက် က အရင်းနှီးကြီးတစ်ခုလိုဖြစ်နေပြီး ဟိုဘက်မှာ အလုပ်အကိုင်အဆင်မပြေရင် ဆုံးရှုံးနစ်နာတာတွေများပြီ ""လို့ ပြည်ပသွားရောက်အလုပ်လုပ်ဖို့ ဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ တွေမှာ ဂျပန်နိုင်ငံအတွက် နည်းပညာအလုပ်သင် သင်တန်းသား အတွက်ကောက်ယူရမယ့် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၂၈၀၀၊ကျွမ်းကျင်လုပ်သား အတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဂျပန်နိုင်ငံတွင် ၃နှစ် လုပ်ကိုင်ခဲ့ ပြီး အေဂျင်စီ အသစ် နဲ့ အလုပ်ရှင် အသစ် ထံ သွားရောက်မယ့် လုပ်သား ဖြစ်ပါက ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၁၆၀၀၊ မူလအေဂျင်စီဖြင့် မူလ အလုပ်အရှင်ထံ ထပ်မံ သွားရောက်မယ့် လုပ်သား ဖြစ်ပါက ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၀၀ သာ ကောက်ယူရမယ်လို့ သတ်မှတ်ထားပါတယ်။
 
စင်္ကာပူနိုင်ငံ အတွက် သတ်မှတ်ထားတဲ့ ဝန်ဆောင်မှု နှုန်းထားများကတော့ Work permit အတွက် စင်္ကာပူ ဒေါ်လာ ၂၀၀၀ ၊S-pass အတွက် စင်္ကာပူဒေါ်လာ ၄၄၀၀ သတ်မှတ်ထားကာ မလေးရှားနိုင်ငံ အတွက် ကိုတော့ အမေရိကန်ဒေါ်လာ ၈၅၀နဲ့ မြန်မာငွေ ၂၅၅၀၀၊ထိုင်းနိုင်ငံအတွက လူမှုဖူလုံရေး (SSB) အကျုံးဝင် လုပ်ငန်း ဖြစ်ပါက မြန်မာဘက်ခြမ်းထိုင်းဘတ်ငွေ ၁၀၀၀၀နဲ့ထိုင်းဘက်အခြမ်း အတွက် ထိုင်းဘတ်ငွေ ၅၃၉၀၊ SSB အကျုံးမဝင် လုပ်ငန်း ဖြစ်ပါက မြန်မာဘက်အခြမ်း ထိုင်းဘတ် ၁၀၀၀၀ကျပ်နဲ့ ထိုင်းဘက် အခြမ်း အတွက် ဘတ် ၇၆၀၀ အဖြစ်ဝန်ဆောင်ခ သတ်မှတ်ထားပါတယ်။
ကိုရီးယား နိုင်ငံ အတွက် ဝန်ဆောင်ခ ကတော့ ဗီဇာ E-7-3,E-10-2 တို့အတွက် အမေရိကန်ဒေါ်လာ ၂၁၀၀၊E-9အတွက် ကျပ် ၈၅၀၀၀(အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ)တို့သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
အခြား နိုင်ငံ တွေ အတွက် ကတော့ အလုပ်သမား ရရှိမယ့် အခြေခံ လစာ ၄လစာ ထက် မပိုတဲ့ငွေကြေးကိုသာ ကောက်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026