NEWS

လှိုင်သာယာတွင်  စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်တွေကိုအမိုးကိုင်းတွေ ဖြုတ်ခိုင်းပြီး မဖြုတ်ပါက ငွေကြေးတောင်းခြင်းနှင့်ပစ္စည်းသိမ်းတာတွေပြုလုပ်နေ

CoverLogo
592 Views

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် အတွင်း ဘေးတွဲ ဆိုင်ကယ် တွေ ကို စစ်ကောင်စီက အမိုးကိုင်းတွေ အကာတွေ ကို ဖြုတ်ချ ခိုင်းပြီး အမိုးကိုင်းမဖြုတ်ဘဲ မောင်းနှင်တဲ့ ဘေးတွဲ ဆိုင်ကယ်တွေ ကို တွေ့ရှိပါက ငွေကြေးတောင်းတာတွေရှိသလို ဆိုင်ကယ်သိမ်းတာတွေပါ ပြုလုပ်တယ်လို့ မြို့နယ်အတွင်းရှိ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၅ရက်နေ့ က ရပ်ကွက်နဲ့ လမ်းတွေ အတွင်း ရပ်ကွက်လူကြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးစတဲ့သူတွေ က ဘေးတွဲဆိုင်ကယ်ရှိ အမိုးအကာတွေ ကို ဖယ်ရှားပေးဖို့လိုက်လံပြောကြားခဲ့တယ်လို့ဆိုပါတယ်။

"၂၅ ရက်နေ့ က ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ သူတို့နောက်လိုက် တွေ က လမ်းတွေထဲ လိုက်အော်တယ် ဘေးတွဲ ကအမိုးတွေအကာတွေ ဖယ်ဖို့ ပြောတယ် တချို့ အဲ့နေ့က မသိလိုက်တဲ့ သူတွေ ညနေပိုင်း  စစ်သားတွေ နဲ့ အရပ်ဝတ်အဖွဲ့တွေ ဖမ်းတာတွေနဲ့ တိုးပြီး ဘေးတွဲ မှာ အမိုးအကာတွေ တပ်လို့ဆိုပြီး ငွေတစ်သိန်း ပေးရတာတွေရှိတယ် မပေးနိုင်ရင်ဆိုင်ကယ်အသိမ်းခံရမယ်ဆိုတော့လည်း ပေးရတာပေါ့ စည်းကမ်းတွေက သူတို့ပါးစပ်ထဲပဲရှိတာ တမျိုးပြီး တမျိုး လုပ်နေကြတာ ဓါတ်ဆီဈေးကကြီး စီးတဲ့သူက နည်းလာ နဲ့ စားဖို့တောင်အနိုင်နိုင် ရှာနေရတာ အခုလို အမျိုးမျိုးစည်းကမ်းချက်တွေ ထုတ်ပြီး ပြည်သူဆီကနေ ရသလို ယူနေကြတာ""လို့ လှိုင်သာယာမြို့နယ် ကဘေးတွဲ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးကပြောပါတယ်။

စက်မှုဇုန်မြို့နယ်တစ်ခုဖြစ်တဲ့ လှိုင်သာယာမြို့နယ်ဟာ လူဦးရေထူထပ်ပြီး စက်မှုဇုန်လုပ်သားတွေ အများဆုံးနေထိုင်လုပ်ကိုင်နေကြတာပါ။ ဘေးတွေဆိုင်ကယ် ကယ်ရီတွေကို တော့ အခြေခံပြည်သူတွေနဲ့ အလုပ်သမားတွေ  သွားရေးလာရေးအတွက်  နေ့စဉ်သုံးစွဲနေရတာပါ။ 

"ဘေးတွဲဆိုင်ကယ် အမိုးတွဲတွေ ဖြုတ်ခိုင်းတော့လဲ ဖြုတ်ရတာပဲ အမိုးရှိတော့ကျတော့ နေပူ၊ မိုးရွာ နည်းနည်းတော့ ခံသာတာပေါ့ အမိုးမရှိတော့ ဂိတ်မှာ ရပ်ဖို့တောင် သိပ်မလွယ်တော့ အခက်အခဲဖြစ်တာပေါ့" လို့ ကယ်ရီမောင်းနှင်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။ 

ယခုလို ဘေးတွဲ ဆိုင်ကယ်တွေကို အမိုးကိုင်း ဖြုတ်ခိုင်းခြင်းမှာ CCTV မှ ဘေးတွဲ တွေ ကို ကြည့်ရှု့ရာမှာ စီးနင်းသူတွေ ကို သေချာ မမြင် တွေ့ရတဲ့ အတွက် အခုလိုပြောလုပ်ခိုင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် က  လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက် အတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ)ရွှေမန်း နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိ တို့ ကြောင့် လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ကြေးပေးတာတွေလည်း ကြားရပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026