NEWS

လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ

CoverLogo
47 Views
 
ထိုင်းနိုင်ငံ မှာရောက်ရှိနေတဲ့ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို တရားဝင် ဖြစ်အောင် မှတ်ပုံတင်ပေးမယ့် အစီစဉ်ကို ယာယီရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက် ဒီကနေ့မှာထိုင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က ကြေညာလိုက်ပါတယ်။
 
လူသစ် ပန်းရောင်ကတ် (ဘတ်) လုပ်မယ့် အစီစဉ်ကို အောက်တိုဘာ ၁၅ ရက်ကနေ ၂၉ ရက်အထိ စာရင်းတင်ဖို့ ခွင့်ပြုပေးထားပြီးအောက်တိုဘာ ၁၅ရက် မှာစာရင်းတင်ရန်ခွင့်ပြုထားတဲ့ website မှာ စာရင်း တင်မရ ဖြစ်နေပြီးနောက် အောက်တိုဘာ ၁၆ရက်မှာတော့ ယာယီရက်ရွှေ့ဆိုင်း ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာခြင်း ဖြစ်ပါတယ်။
ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာ DOE ရဲ့ ထုတ်ပြန်ချက်မှာတော့ ထိလွယ်ခိုက်လွယ်တဲ့ နယ်စပ်ပြသာနာကြောင့် အခုလို ရက်ရွှေ့ဆိုင်းတာဖြစ်ပြီး
 
အစီအစဉ်ပြန်လည်စတင်မယ့်ရက်ကို နောက်ပိုင်းမှာ ထပ်ပြီး ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို လူသစ် ဘတ်ရိုက်ပေးမဲ့ အစီစဉ် ရွှေ့ဆိုင်း လိုက်တဲ့ အတွက် ထိုင်းရောက် အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
 
ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီသူတွေကလည်း လက်တလောအခြေနေအရ ဘတ်ပြုလုပ်ပေးရန် ပွဲစားများထံ ငွေကြေးကြိုတင်ပေးထားတာမျိုးမပြုလုပ်ဖို့နဲ့ ကြိုတင်ပေးထားပါက ပြန်လည်တောင်းယူထားဖို့ သတိပေးထားပါတယ်။
 
ပန်းရောင်ကတ်(ဘတ်)ပြုလုပ်တာမှာ ၃၇၈၀ ဘတ် ကုန်ကျမယ်လို့ ထိုင်းအစိုးရက ကြေညာထားပေမယ့် ပြင်ပ အခြေနေမှာတော့ ဘတ် ၆၀၀၀ မှ ၁၅၀၀၀ ဘတ် အထိ ဈေးရှိတယ်လို့ သိရပါတယ်။

Related posts

Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025
Cover
ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား
Oct 16, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ
Oct 15, 2025