NEWS

လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ

CoverLogo
321 Views
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိသူတွေ ကို ပြုလုပ်ပေးမယ့်ပန်းရောင်ကတ် လုပ်ငန်းစဉ် ယာယီရပ်ဆိုင်းလိုက်တဲ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၁၉ ရက်အထိ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် မှု နဲ့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့်ရှိလာတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
ပန်းရောင်ကတ် ပြုလုပ်ပေးမယ့် အစီစဉ် ယာယီရပ်ဆိုင်းတဲ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာတင် မဟာချိုင်နယ်မြေ အတွင်းရှိ အလုပ်သမားတန်းလျား တစ်ခုမှာ ပန်းရောင်ကတ် ပြုလုပ်ဖို့ စောင့်နေတဲ့ မြန်မာလုပ်သား ၁၃၁ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို ၎င်းရက်မှာဘဲ မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၇ ဦး ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ ၁၇ ရက် မှာလည်း တာ့ခရိုင် မဲဆောက်မြို့နယ် မှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၄ ဦးကို ဖမ်းဆီးခဲ့သလိုအောက်တိုဘာ ၁၈ ရက်မှာလည်း မဲဆောက်မြို့ နယ်အတွင်း နယ်စပ်ဖြတ်ကျော်လို့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာ ၁၉ ရက် မှာတော့ ထိုင်းနိုင်ငံကန်ချနဘူရီခရိုင် အတွင်းမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၆၂ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ အရ သိရပါတယ်။
 
နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှု နဲ့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အခုလို ဝင်ရောက်နိုင်ဖို့ ပို့ဆောင်ပေးတဲ့ ပွဲစား ဖြစ်သူကို ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ၂၄၀၀၀ အထိ ပေးရသလို အချို့ လုပ်သားတွေမှာ ပန်းရောင်ကတ် ပြုလုပ်ခ အပါဝင် မြန်မာငွေ ကျပ်သိန်း၈၀ အထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
 
တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ သာ အဖမ်းခံနေရပေမယ့် အခကြေးငွေယူပြီး ပို့ဆောင်ပေးတဲ့ ပွဲစားဆိုသူတွေ အများစုကတော့ လွတ်မြောက်နေတဲ့ အပေါ် ထိုင်းရောက်မြန်မာလုပ်သားတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
 
အဖမ်းခံရတဲ့ သူတွေ ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူပြီးနောက် မြန်မာပြည်ရှိ စစ်ကော်မရှင်ထံ ပြန်လည်လွှဲပို့ပေးမယ်လို့လည်း သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026