NEWS

လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ

CoverLogo
166 Views
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိသူတွေ ကို ပြုလုပ်ပေးမယ့်ပန်းရောင်ကတ် လုပ်ငန်းစဉ် ယာယီရပ်ဆိုင်းလိုက်တဲ့ အောက်တိုဘာ ၁၆ ရက်ကနေ အောက်တိုဘာ ၁၉ ရက်အထိ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် မှု နဲ့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့်ရှိလာတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
 
ပန်းရောင်ကတ် ပြုလုပ်ပေးမယ့် အစီစဉ် ယာယီရပ်ဆိုင်းတဲ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာတင် မဟာချိုင်နယ်မြေ အတွင်းရှိ အလုပ်သမားတန်းလျား တစ်ခုမှာ ပန်းရောင်ကတ် ပြုလုပ်ဖို့ စောင့်နေတဲ့ မြန်မာလုပ်သား ၁၃၁ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို ၎င်းရက်မှာဘဲ မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၇ ဦး ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ ၁၇ ရက် မှာလည်း တာ့ခရိုင် မဲဆောက်မြို့နယ် မှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၄ ဦးကို ဖမ်းဆီးခဲ့သလိုအောက်တိုဘာ ၁၈ ရက်မှာလည်း မဲဆောက်မြို့ နယ်အတွင်း နယ်စပ်ဖြတ်ကျော်လို့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာ ၁၉ ရက် မှာတော့ ထိုင်းနိုင်ငံကန်ချနဘူရီခရိုင် အတွင်းမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၆၂ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ အရ သိရပါတယ်။
 
နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှု နဲ့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အခုလို ဝင်ရောက်နိုင်ဖို့ ပို့ဆောင်ပေးတဲ့ ပွဲစား ဖြစ်သူကို ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ၂၄၀၀၀ အထိ ပေးရသလို အချို့ လုပ်သားတွေမှာ ပန်းရောင်ကတ် ပြုလုပ်ခ အပါဝင် မြန်မာငွေ ကျပ်သိန်း၈၀ အထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
 
တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ သာ အဖမ်းခံနေရပေမယ့် အခကြေးငွေယူပြီး ပို့ဆောင်ပေးတဲ့ ပွဲစားဆိုသူတွေ အများစုကတော့ လွတ်မြောက်နေတဲ့ အပေါ် ထိုင်းရောက်မြန်မာလုပ်သားတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ထိုင်းအာဏာပိုင်တွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
 
အဖမ်းခံရတဲ့ သူတွေ ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူပြီးနောက် မြန်မာပြည်ရှိ စစ်ကော်မရှင်ထံ ပြန်လည်လွှဲပို့ပေးမယ်လို့လည်း သိရပါတယ်။

Related posts

Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025
Cover
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ
Dec 22, 2025
Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025