NEWS

လူသစ်ဘတ်တင်သူများ ပန်းရောင်ကတ်ငွေချေဖြတ်ပိုင်းနဲ့ အလုပ်လုပ်ကိုင်ခွင့်ပြု

CoverLogo
348 Views
 
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တွေကနေ ထိုင်းနိုင်ငံကို အခြေခံအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူတွေကို စာရင်းသွင်းခြင်း လုပ်ငန်းစဉ်အနေနဲ့ ထုတ်ပေးတဲ့ ဘတ် ၊ ပန်းရောင်ကတ်ကို အောက်တိုဘာ ၁၅ ရက်မှာ စတင်မှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ ဘတ်လုပ်ငန်းစဉ် ပြီးဆုံးတဲ့အထိ စောင့်စရာမလိုဘဲ ကုန်ကျစရိတ်ငွေပေးချေပြီးပါက အဆိုပါဖြတ်ပိုင်း​နဲ့ ယာယီအလုပ်လုပ်ခွင့်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကအောက်တိုဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
 
အလုပ်သမားတွေအနေနဲ့ ငွေချေဖြတ်ပိုင်းနဲ့ ယာယီအလုပ်လုပ်နိုင်မှာဖြစ်ပြီး လက်ဗွေနှိပ်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီဇာလျှောက်ခြင်းအစရှိတဲ့ လုပ်ငန်းစဥ်တွေကိုတော့ ဇန်နဝါရီ၂၇ ရက်မတိုင်မီ အပြီးသတ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေ ကျန်းမာရေးစစ်ဆေးရာမှာ အမှန်တကယ် ဆေးစစ်မှုမပြုလုပ်ဘဲ ဆေးလက်မှတ်အတုပြုလုပ်ခြင်း ကျန်းမာရေးအချက်အလက်လိမ်လည်ခြင်းများကို လုပ်ခွင့်မရှိဘဲ ချိုးဖောက်သူများကိုထောင်ဒဏ်နှစ်နှစ်အထိအပြစ်ပေးနိုင်သောပြစ်ဒဏ်များချမှတ်သွားမှာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
 
ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက် ဘတ် ခေါ် ပန်းရောက်ကတ်လုပ်ရာမှာ ကျန်းမာရေးအာမခံဝယ်ယူမှုအပေါ်မူတည်ပြီး ဘတ်၂၉၀၀ မှ ၃၈၀၀ ကြားကျသင့်မယ်လို့ ကြေညာထားပြီး လက်ရှိမှာ ပြင်ပပေါက်စျေး သုံးဆခန့်ပိုပေးနေရတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026