NEWS

လူမှုဖူလုံရေး အကျုံးဝင်လုပ်သားတွေအတွက် ဆေးကုသခွင့်ကို နည်းလမ်း ၃ မျိုးနဲ့လုပ်ဆောင်နေဟုဆို

CoverLogo
1K Views

လူမှုဖူလုံရေးထည့်ဝင်ကြေးပေးသွင်းထားတဲ့ အာမခံအလုပ်သမားတွေအတွက် ဆေးကုသခွင့်ကို အလုပ်သမားဝန်ကြီးဌာနကနေ နည်းလမ်း၃ မျိုးနဲ့အကောင်အထည်ဖော်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဖူလုံရေးအကျုံးဝင် လုပ်သားတွေအနေနဲ့ မကျန်းမာမှု နဲ့ကိုယ်ဝန်ဆောင်မီးဖွားမှု ၊ အလုပ်မှာထိခိုက်မှုတို့ကြောင့်ဆေးကုသရန် လိုအပ်ချိန်တွေမှာ လူမှုဖူလုံရေးဌာနကနေ ဖွင့်လှစ်ပေးထားတဲ့ ဆေးခန်းဆေးရုံတွေမှာအခမဲ့ဆေးကုသခွင့် ခံယူနိုင်တယ်လို့ သိရပါတယ်။ 

ဆက်လက်ပြီး ဖူလုံရေးဌာနကနေ ဆေးကုသခွင့်အတွက် ပိုမိုလွယ်ကူထိရောက်စေဖို့ နည်းလမ်းတစ်ခုအနေနှင့် (၁) ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်းအချို့နဲ့စာချုပ်ချုပ်ဆိုကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ နောက်ထပ်နည်းလမ်းအနေနဲ့ (၂)အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ဆေးကုသမှုခံယူနိုင်ရေးအတွက် Mobile Medical Unit( ရွေ့လျား ဆေးကုသယာဉ်များဖြင့်)အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသပေးခြင်း ၊ ထပ်မံပြီးနည်းလမ်းတစ်ခုအနေဖြင့်(၃) တိုင်းရင်းဆေးဖြင့် ဆေးကုသမှုခံယူခြင်တဲ့ အာမခံအလုပ်သမားတွေအတွက် တိုင်းရင်းဆေးခန်း၁ခုဖွင့်ထားပေးခြင်းစတဲ့နည်းလမ်း၃ ခုနဲ့ လုပ်ဆောင်နေကြောင်းသိရပါတယ်။

" လူမှုဖူလုံရေး ကြေးကထည့်ဝင်နေရပေမယ့် တစ်ကယ်လို့မကျန်းမမာ ဖြစ်ရင် လူမှုဖူလုံရေးဌာနကဆေးခန်းတွေ ဆေးရုံတွေပဲပြရမှာလား တစ်ခြားပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းတွေမှာရောပြလို့ရလား ဆိုတာသေချာသိချင်မိတယ်။ နောက်တစ်ခုက အစိုးရဆေးရုံမှာမဟုတ်ပဲ ပုဂ္ဂလိကဆေးရုံမှာ ပြတဲ့ ဆေးဖိုးစရိတ်ကိုရော ပြန်ထုတ်လို့ရနိုင်ပါသလားသိချင်ပါတယ်" လို့ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသူ ပုဂ္ဂလိက လုပ်သားတစ်ဦးက ဖူလုံရေးနဲ့ပတ်သက်ပြီး မသိရှိသေးတာကို မေးထားပါတယ်။

အာမခံဖူလုံရေးအကျုံးဝင်လုပ်သားတွေအနေနဲ့ လူမှုဖူလုံရေးဌာနကဖွင့်လှစ်ထားတဲ့ဆေးရုံ ၊ ဆေးခန်းတွေအပြင် လက်ရှိလူမှုဖူလုံရေးဌာနကနေ စာချုပ် ချုပ်ကာအကျိုးတူပူးပေါင်းထားတဲ့ ပုဂ္ဂလိကဆေးရုံ ၊ဆေးခန်းများမှာလည်း ဆေးကုသခွင့်ရနိုင်မှာဖြစ်ပေမယ့် လူမှုဖူလုံရေးဌာနနဲ့ စာချုပ်ချုပ်ဆိုပူးပေါင်းထားတာမရှိတဲ့ပြင်ပ ပုဂ္ဂလလိကဆေးရုံဆေးခန်းတွေမှာ တော့ လူမှုဖူလုံရေးနဲ့ပတ်သက်ပြီးဆေးကုသခွင့်မရရှိနိုင်ဘူးလို့သိရပါတယ်။

" ဖူလုံရေးဌာနအနေနဲ့ မိမိတို့နဲ့ စာချုပ်မချုပ်ထားတဲ့ ဆေးကုသတဲ့နေရာတွေမှာတော့ဖူလုံးရေးအကျိုးခံစားခွင့်အတွက် ဆေးကုခွင့်မပြုထားပါဘူး။ ဒါပေမယ့် အလုပ်သမားဌာနက ဆေးရုံကြီး၃ခု ကမဟုတ်ပဲ အစိုးရကဖွင့်ထားတဲ့အခြားပြည်သူ့ဆေးရုံကြီတွေမှာ အရေးပေါ်ကိစ္စများပေါ်လာလို့ ဆေးရုံတက်ရောက်ကုသရကြောင်း အထောက်အထားနဲ့တင်ပြရင်တော့ ကုန်ကျခဲ့တဲ့ ဆေးဖိုးစရိတ်ကုန်ကျငွေတွေကို စနစ်တကျစီစစ်ပြီးပြန်လည်ထုတ်ပေးနေသလို လူမှုဖူလုံရေးဌာနကဖွင့်လှစ်ပေးထားတဲ့ ဆေးရုံ ၊ဆေးခန်းတွေမှာပြသရင်း လိုအပ်ချက်အရ ပြင်ပကဆေးဝါးများဝယ်ယူသုံးစွဲရပါကလည်း ဆေးဖိုးကုန်ကျငွေကိုပြန်လည်ထုတ်ပေးတာနဲ့ အာမခံလုပ်သားက မိမိနေထိုင်ရာဒေသကနေ အလုပ်သမားဆေးရုံကြီးကို ဆေးသွားရောက်ကုသရတဲ့အခါ သွားတဲ့ယာဉ်စီးခစရိတ်ကိုလည်း အများပြည်သူသုံးယာဉ်စီးခနှုန်းထားနဲ့တွက်ချက်ပြီးပြန်ထုတ်ပေးတာရှိပါတယ်။ ဒါကြောင့် လူမှုဖူလုံရေးအာမခံလုပ်သားတွေက ဌာနကသတ်မှတ်ပေးထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံဆေးခန်းများမှာသာ ဆေးကုသခွင့်ရမှာဖြစ်ပြီး ပြင်ပ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာတော့ လူမှုဖူလုံရေးစနစ်နဲ့ဆေးကုသခွင့်မရှိပါဘူး"လို့  လူမှုဖူလုံရေးဌာနက အသိပေးထားပါတယ်။

အာမခံလူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့လုပ်သားတွေဟာ လူမှုဖူလုံရေးကတ်ရှိပြီး ဖူလုံရေးကတ်ပြုလုပ်ထားတဲ့ အလုပ်ရုံဌာနမှာ အလုပ်လုပ်ကိုင်နေဆဲဖြစ်ပါက လူမှုဖူလုံရေးစနစ်နဲ့ တစ်ကြိမ်တစ်ခါမျှ ဆေးကုသခွင့် မခံယူရသေးပါကလည်း လက်ရှိမကျန်းမမာ ဖြစ်နေလို့ လူမှုဖူလုံရေးစနစ်ဖြင့် ဆေးကုသချင်ပါက သွားရောက်ပြသကုသခွင့်ရှိတယ်လို့သိရပါတယ်။

 


Related posts

Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အာမခံလုပ်သား သားသမီး ပညာသင်စရိတ်ထောက်ပံ့ငွေ စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ရမည်ဟုဆို
Aug 26, 2025
Cover
Dong Chen Handbag စက်ရုံ ဖူလုံရေး မွေးဖွားစာရိတ် ကျပ် ခုနှစ်သောင်း ရမည်ဟု ပြောဆို
Jun 14, 2025
Cover
Shunrong Garment Myanmar လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်မပေး
Jun 11, 2025
Cover
လူမှုဖူလုံရေးအာမခံ လုပ်သားများ၏ သားသမီးများပညာသင်ထောက်ပံငွေ ရမည်
May 27, 2025
Cover
လူမှုဖူလုံရေး အာမခံကြေး လစဉ်ပေးသွင်းနေရပေမယ့် အားကိုးရတဲ့ အခြေအနေမဟုတ်ဘူးလို့ အလုပ်သမားတွေဝေဖန်
Dec 14, 2024
Cover
မြောက်ဒဂုံက လူမှုဖူလုံရေး ဆေးခန်းမှာ ဆေးမရှိ
Dec 03, 2024