NEWS

Dong Chen Handbag စက်ရုံ ဖူလုံရေး မွေးဖွားစာရိတ် ကျပ် ခုနှစ်သောင်း ရမည်ဟု ပြောဆို

CoverLogo
593 Views
 
Dong Chen Handbag(Myanmar)Co.,Ltd အိတ်ချုပ် စက်ရုံမှူးက မွေးဖွားစာရိတ် ကျပ် ခုနှစ်သောင်း ဝန်းကျင် သာရမယ်ဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်သက် ၆ နှစ်ဝန်းကျင် အမျိုးသမီးအလုပ်သမား တဦး ခွဲစိတ်မွေးဖွားမှု စာရိတ်အတွက် မေးမြန်းခဲ့ရာ အခုလို ဖြေကြားခဲ့တာလို့ အလုပ်သမားတဦးက ပြောပါတယ်။
“ ဖူလုံကြေးစရိတ်တွေ ရမှာလားမေးတော့၊ သူတို့ မသိဘူးတဲ့။ စက်ရုံးမှူးက သူတို့ ကိုယ်တိုင် ဖူလုံရေးရုံးကို တင်ပေးရမယ်ပြောတယ်။ ရမယ်ဆိုရင်တောင်မှ ခုနစ်သောင်းလောက်ပဲရမှာတဲ့။ အဲ့လို ပြောတယ်.” လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
၂၀၁၂ လူမှုဖူလုံရေး ဥပဒေ ၊ အခန်း ၅၊ ပုဒ်မ ၂၇ (က)/(ခ) မှာ မီးဖွားခွင့်ကာလအတွက် အကျိုးခံစားခွင့်အတွက် တနှစ်အတွင်း ပျှမ်းမျှလုပ်ခရဲ့ ၇၀ ရာခိုင်နှူန်း၊ မိဖွားစာရိတ်အနေနဲ့ ပျှမ်းမျှလုပ်ခ တလစာ ၅၀ ရာခိုင်းနှူန်း ‌ပေးဖို့သတ်မှတ်ပြဌာန်းထားပါတယ်။ ဒါ့အပြင် ဥပဒေ အခန်း ၇ ပုဒ်မ ၆၅ (က) မှာလည်း စိုက်ထိုက်ကုန်ကျထားတဲ့ စာရိတ်တွေကို ပြန်လည်ရထိုက်ခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။
 
“မွေးစရိတ်တွေဆိုတာ ညီမလေးတို့ ဖူလုံရေး သွင်းထားတဲ့ပိုက်ဆံပါ။ ဒါကို သတ်မှတ်အတိုင်း လိုချင်တာပါ။ မတော်မတရားလည်း မဟုတ်ဘူး။ အခု က ခြောက်နှစ်လုံးလုံး သွင်းတဲ့ ဖူလုံရေးက မွေးစရိတ် ခုနှစ်သောင်းပဲ ပေးတာ။ ဒါတောင် ဒီလို လုပ်သက်မရှိတဲ့သူ ကလေးမွေးရင် မရဘူး။ ဖူလုံရေးရုံးက မပေးတာလား၊ HR တွေကပဲ ဖြတ်စားတာလား ညီမလေးတို့ သိစေချင်တာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက် ဖူလုံရေးကြေး ကျပ် ၂၈၅၀ ကို ပုံမှန် ဖြတ်တောက်လို့ လစဉ်ပေးသွင်းရတယ်လို့ ပြောပါတယ်။ ဖူလုံရေးခွင့်ကို စက်ရုံက ပေးထားပေမဲ့ အဲံဒီ ခွင့်အတွက် အကျိုးခံစားခွင့် ဒေးကြေးတွေကို လစဉ် ရှင်းပေးတာ မရှိတဲ့အပြင် အသိပေး ထုတ်ပြန်တာလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်အတွက် ဒေးကြေးကို စက်ရုံဘက်က တစ်ဝက်၊ ဖူလုံရေး ရုံးက တစ်ဝက် ပေးတယ် ပြောတယ်။ အဲဒီခွင့် အတွက် ပိုက်ဆံကြတော့ ယူတဲ့ လထဲမှာပေးလာဆိုတော့ သူတို့က မဖြေတော့ဘူး။ ဘယ်အချိန်မှ ရလဲဆိုတော့ တစ်ခါမှ မထုတ်ပြန်ပေးဘူး။ လတိုင်းတော့ ဖူလုံရေးကြေး အမြဲဖြတ်ထားတယ်။။ ခွင့်အတွက် စက်ရုံက ရှင်းပေးတာ လေးဆယ်ရာခိုင်နှုန်း ။ ဖူလုံရုံးကတော့ တစ်ရာ ရာခိုင်နှုန်းရှင်းပေးတယ်လို့ ပြောတယ်။ စက်ရုံက လေးလပိုင်းလောက်မှ အဲဒီခွင့်အတွက် ဒေးကြေးတွေ ရှင်းပေးတယ်။ အဲလောက်ဆိုတော့ ဘယ်ခွင့်က ဘယ်နှစ်ကယူထားတယ်ဆိုတာကို မမှတ်မိကြတော့ဘူး။ တချို့အလုပ်သမားတွေဆို မရကြတော့ဘူး.” လို့ ပြောပါတယ်။
 
၂၀၁၄ ခုနှစ်မှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထုတ််ပြန်တဲ့ ကြေညာချက်မှာ လူမှုဖူလုံရေး ထည့်ဝင်ကြေးကို အလုပ်သမားရဲ့ လစာ ၃ ရာခိုင်းနှူန်းကို အလုပ်ရှင်က ထည့်ဝင်ပေးရမှာ ဖြစ်ပြီး၊ အလုပ်သမားက ၂ ရာခိုင်နှူန်း ထည့်ဝင်ဖို့ ညွှန်ကြားထားပါတယ်။
 
Dong Chen Handbag(Myanmar)Co.,Ltd အိတ်ချုပ် စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ် Zera အပါအဝင် တခြား အိပ်မျိုးစုံလည်း ချုပ်နေပါတယ်။ စက်ရုံကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ စက်မှုဇုန် ၂ ၊ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းမှာ ရှိပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026