NEWS

Shunrong Garment Myanmar လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်မပေး

CoverLogo
734 Views
 
Shunrong Garment Myanmar (ဆင့်လုံအထည်ချုပ်) စက်ရုံမှာ လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်အပါအဝင် ဘယ်လို ခွင့်အမျိုးအစားမျိုးမှ မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ခွင့်မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ရက်တွက် ဒေးကြေးနဲ့ ရပိုင်ခွင့်ပါ ဖြတ်တောက်ခံရတာလို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေမရဘူး။ အလုပ်သမားတွေဆီက ဖူလုံရေးကြေးကို လတိုင်းဖြတ်တယ်။ ဖူလုံရေးကဒ်လည်း မပေးဘူး။ လူမှုဖူလုံရေး ကဒ် ရှိရင်တောင် ဆေးခွင့်မရဘူး၊ အလုပ်တစ် ရက်ပျက်ရင် ဒေးကြေး ၉၀၀၀ ၊ ရက်မှန်ကြေး ၄၅၀၀၀ နဲ့ ကျွမ်းကျင်ကြေးတွေ အကုန် အဖြတ်ခံရတာ.” လို့ ပြောပါတယ်။
 
အရေးပေါ်ကိစ္စရှိလို့ ဂိတ်ပတ်စ် တောင်းလည်း အလွယ်တကူမပေးဘဲ မဖြစ်မနေမို့ အပြင်ထွက်ခွင့်အတွက် တစ်နာရီ ကျပ် ၃၀၀၀ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ဖိအားပေး အချိန်ပို မဆင်းမနေရ ဆင်းခိုင်းပြီး ၊ အချိန်ပို မဆင်းသူတွေကို ကျွမ်းကျင် အဆင့် ဂရိတ်တွေ လျှော့တဲ့အပြင် ခွဲခြားဆက်ဆံမှုတွေ ကြုံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဖိအားပေးခိုင်းတယ်ဆိုတာက အလုပ်သမားတွေ မချုပ်နိုင်ဘူးဆိုတဲ့ အထည်စံချိန် အရည်အတွက်ကို တောင်းနေတာ။ ၄၅ ယောက်ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီကို ရောင်ပြန်အင်္ကျီ ၆၀ ဝန်းကျင် တောင်းတယ်။ စံချိန် မရတာနဲ့ စူပါက ဆဲတယ်၊ မခံနိုင်အောင်ပြောတော့တာပဲ။ အဲ့စံချိန်ပြည့်ဖို့ ထမင်းစားချိန်တောင်မနားရဘဲ ချုပ်ပေးရတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် ၁၄၊ ၁၅၊ ၁၆နှစ်အရွယ် လူငယ်အလုပ်သမား ၅၀ ကျော်ကို ဆရာဝန် ထောက်ခံချက်မပါဘဲ လုပ်ကိုင်ခိုင်းပြီး လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းစေတယ်လို့ ပြောပါတယ်။ စက်ရုံမှာ လူရွယ်လုပ်သားတွေ လုပ်ကိုင်ရပေမဲ့ လုပ်သက် ၆လကျော် အလုပ်သမားတွေကိုလဲ EC စာချုပ် ချုပ်မပေးဘူး အလုပ်သမားတွေက ပြောပါတယ်။
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅၊ ရွှေလီလမ်းမှာ ဆင့်လုံအထည်ချုပ် Shunrong Garment Myanmar ဖွင့်လှစ်ထားပြီး အလုပ်သမား ၅၀၀ကျော် လုပ်ကိုင်နေပါတယ်။ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး PIPတံဆိ ရောင်ပြန်အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026