NEWS

လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေ လူမှုဖူလုံရေး အာမခံစနစ် ၂ မျိုး ခံစားခွင့်ရယူနိုင်

CoverLogo
376 Views

လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားတွေအနေနဲ့ လစဉ် မိမိတို့ရဲ့ လုပ်အားခ လစာငွေများထဲက အလုပ်သမားထည့်ဝင်ကြေး ၅ ရာခိုင်နှုန်း ( အလုပ်ရှင်မှ ၃ ရာခိုင်နှုန်း အလုပ်သမားမှ ၂ ရာခိုင်နှုန်း) ကို လူမှုဖူလုံရေးကြေးထည့်ဝင်ထားကြရာ ၎င်းထည့်သွင်းငွေမှ အာမခံစနစ်နဲ့ အကျိုးခံစားခွင့်တွေအနက် အာမခံစနစ် ၂ မျိုးကို ရရှိနိုင်တယ်လို့ သိရပါတယ်။

လူမှုဖူလုံရေးထည့်ဝင်ငွေဟာ ဖူလုံရေးစနစ်အကျုံးဝင် တဲ့ အာမခံအမျိုးအစားတွေနဲ့ သတ်မှတ်ထားတဲ့အကျိုးခံစားခွင့်တွေရ ရှိဖို့ထည့်ဝင်ရတာဖြစ်ပြီး  ၂၀၁၂ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့လူမှုဖူလုံရေးဥပဒေအရ အာမခံအမျိုးအစား ၆မျိုးရှိပြီး 
အဲ့ဒီ့ထဲတွင် နံပါတ်(၁)အမျိုးအစား ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ် နဲ့ နံပါတ်(၃)အမျိုးအစား အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် စတဲ့ အာမခံစနစ်အမျိုးအစား၂ခုကိုသာအကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်တဲ့အာမခံစနစ်တွေကိုတော့ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။

လူမှုဖူလုံရေး ဥပဒေပါ လက်ရှိကျင့်သုံးနေတဲ့ အာမခံစနစ် ၂မျိုးအရ အလုပ်သမားများခံစားခွင့်ရှိတဲ့  အကျိုးခံစားခွင့်တွေအနေနဲ့ (၁)ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ခံစားခွင့်ပေးထားတဲ့ အခြေအနေ ၁၀ မျိုးရှိပါတယ်။ ၎င်းတို့မှာ 
( ၁) ဆေးကုသမှုခံစားခွင့် ၊
(၂) မကျန်းမာမှုအကျိုးခံစားခွင့် ၊
(၃)မီးဖွားမှုအကျိုးခံစားခွင့် (မီးဖွားစရိတ်) ၊ 
(၄)ကိုယ်ဝန်ပျက်မှုအတွက်ငွေကြေးအကျိုးခံစားခွင့် ၊
(၅) ၁နှစ်အောက်ကလေးမွေးစားမှုအတွက်အကျိုးခံစားခွင့် ၊ 
(၆)ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်(ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်) ၊
(၇)အာမခံအလုပ်သမားများရဲ့မွေးကင်းစကလေးအား၁နှစ်အထိဆေးကုသမှုခံယူခွင့် ၊ 
(၈)မည်သည့်အကြောင်းကြောင့်မဆိုသေဆုံးခြင်းအတွက် နာရေးစရိတ် ၊ 
(၉) ဆေးဖိုးခရီးစရိတ်များပြန်လည်ထုတ်ပေးခြင်း ၊
(၁၀) ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လပေါင်း ၁၈၀နဲ့အထက် ထည့်ဝင်ကြေးပေးသွင်းထားပြီသူများပင်စင်ယူသည့်အခါဆေးကုသမှု ဆက်လက်ခံယူခွင့် စတဲ့အခြေအနေ ၁၀ ခုဖြစ်ပါတယ်။

နောက်ထပ်အာမခံစနစ်ဖြစ်တဲ့ ( ၂)အလုပ်တွင်ထိခိုက်မှုအာမခံစနစ်အရ  ခံစားခွင့်ပေးထားတဲ့ အခြေအနေတွေအနေဖြင့်လည်း ၃မျိုးရှိပါတယ်။၎င်းတို့မှာ

(၁)ဆေးကုသမှုခံစားခွင့် ၊ 
(၂)ယာယီမသန်စွမ်းဖြစ်မှု အမြဲတမ်းမသန်စွမ်းဖြစ်မှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့် ၊
(၃) အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက်ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် စတဲ့ အကျိုးခံစားခွင့်တွေကို ဖူလုံရေးအကျုံးဝင်အလုပ်သမားတွေအနေနဲ့ရရှိမှာလည်းဖြစ်ပါတယ်။

"လူမှုဖူလုံရေးက ဘာကြောင့် ထည့်ဝင်ရတယ်။ ဘာတွေ လုပ်နိုင်တယ်ဆိုတာ မသိတဲ့အလုပ်သမားတွေအများကြီးရှိနေတယ်။ အလုပ်သမားတွေအနေနဲ့ သေချာသိရှိဖို့ နဲ့ ဘယ်လိုအထောက်အပံ့တွေရှိလဲဆိုတာ ဖူလုံရေးဌာနနဲ့ ဖူလုံရေးကြေးဖြတ်တဲ့ လစာငွေပေးတဲ့ နေရာက ဝန်ထမ်းတွေကလည်း မိမိတို့ရုံးဌာနဖြစ်စေ ၊ ကုမ္ပဏီ ပိုင်းကဖြစ်စေ အလုပ်သမားတွေအားလုံးကို ပြောပြအသိပေးထားရင် တော့ ဖူလုံရေးနဲ့ပတ်သက်ပြီး အလုပ်သမားတွေ အကျိုးခံစားခွင့်အတော်များများရှိလာမှာပါ"လို့  အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။

လစာငွေမှလူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့နိုင်ငံတွင်းအကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ လူမှုဖူလုံရေးအာမခံစနစ် ၂မျိုးအရ အလုပ်သမားတွေရဲ့ ခံစားခွင့်တွေက ကျန်းမာရေးအရဆေးကုသခွင့်တွေနဲ့ ဆေးကုသစရိတ် ၊ လျော်ကြေးစရိတ် ငွေကြေးတွေကို သတ်မှတ်ရာခိုင်နှုန်းအလိုက် ရရှိနိုင်တယ်လို့သိရပါတယ်။

 


Related posts

Cover
လူမှုဖူလုံရေး အာမခံကြေး လစဉ်ပေးသွင်းနေရပေမယ့် အားကိုးရတဲ့ အခြေအနေမဟုတ်ဘူးလို့ အလုပ်သမားတွေဝေဖန်
Dec 14, 2024
Cover
မြောက်ဒဂုံက လူမှုဖူလုံရေး ဆေးခန်းမှာ ဆေးမရှိ
Dec 03, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
လုပ်ငန်းခွင်ထိခိုက်မှုအတွက် ဖူလုံရေးစရိတ်ထုတ်ယူရာမှာ သတ်မှတ်ချက်တွေကြောင့် နစ်နာမှုဖြစ်ပေါ်နေ
Jul 23, 2024
Cover
လူမှုဖူလုံရေးအာမခံအကျုံးဝင်လုပ်သားတွေအတွက်  ဖခင်ဖြစ်ခွင့်အကျိုးခံစားခွင့်ကို ရရှိမှုမရှိသလောက်ဖြစ်နေ
Jul 22, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမား မီးဖွားခွင့်ဆိုင်ရာ ဖူလုံရေးထောက်ပံ့ငွေ ခံစားခွင့်ထုတ်ယူရာမှာအခက်အခဲများရှိနေ
Jul 19, 2024