ထိုင်းနိုင်ငံ နန်းကော့ပထုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တွေ ကို သူဌေးမှ လုပ်ခလေးလစာ မပေးတဲ့ အပြင် အထောက်အထားတွေပါ သိမ်းထားတဲ့ အတွက် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ WAG - အလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ PJနိုင်ငံကူးလက်မှတ်ရှိသူ နဲ့ CI စာအုပ် ကိုင်ဆောင်ထားသူ ကျား/မ (၁၀)ဦးတို့ ကို လုပ်အားခ (၄)လစာ မရှင်းပေးတဲ့ အပြင် အထောက်ထားစာရွက်စာတမ်းတွေကို သိမ်းထားတဲ့ အတွက် စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရလို့ ကူညီဖြေရှင်းပေးရန် WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
အခုလို အကူညီတောင်းခံတဲ့ အတွက် ဩဂုတ် ၇ ရက်က ဆောက်လုပ်ရေးရှိ အလုပ်သမားများ၊ လုပ်ငန်းခွင်အတွင်း တာဝန်ရှိ သူဌေး နဲ့ WAG အဖွဲ့သားများ ဆွေးနွေးညှိနှိုင်းခဲ့ရာ မှာ သူဌေးမှလုပ်သမား တွေရရှိမယ့် လုပ်အားခ ၄ လစာနဲ့ အအထောက် အထားစာရွက်စာတမ်းတွေ ကို ယခုလ အတောအတွင်း ပြန်လည်ပေးအပ်မယ်လို့ အလုပ်သမားတွေ ရှေ့မှာ သူဌေးမှဖြေကြားခဲ့တယ်လို့ဆိုပါတယ်။