NEWS

လုပ်အားခ ဘတ် ၁၅ သိန်းခန့်ကို မရှင်းပေးလို့ ထိုင်းအလုပ်ရှင်ကို တိုင်ကြား

CoverLogo
286 Views

ထိုင်းနိုင်ငံ ၊ ရနောင်းခရိုင် ချွန်ဖော်မြို့၊ လန်းစွန်း မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခ ဘတ်၁၅သိန်း ခန့်ကို ထိုင်းအလုပ်ရှင်က မပေးတဲ့ အတွက် အလုပ်သမားတွေစုပေါင်းကာ ထိုင်းမြို့နယ် အလုပ်သမားရုံးမှာတိုင်ကြားထားတယ်လို့ မဟာမိတ်အဖွဲ့ (WAG)ထံမှ သိရပါတယ်။

အလုပ်သမားတွေဟာ CJA Construction Co, ltd (ဆောက်လုပ်ရေးလုပ်ငန်း) မှာ အလုပ်လုပ်နေတဲ့    လက်ဗွေနှိပ်ပြီးသား CI  ကိုင်ဆောင်ထားသူအလုပ်သမား  အမျိုးသား၊ အမျိုးသမီးစုစုပေါင်း၂၅ ဦးတို့ဖြစ်တယ်လို့ဆိုပါတယ်။

ထိုင်းသူဌေး က အလုပ်သမားတွေရဲ့လုပ်ခလစာလေးလစာကိုမရှင်းပေးတဲ့အတွက် စားဝတ်နေရေး အခက်ခဲ ကြုံတွေ့နေရတာကြောင့်  WAG မဟာမိတ်အဖွဲ့ကို ညီတောင်းခံလာခြင်း ဖြစ်ကာ ဩဂုတ်လ ၈ ရက်နေ့က ထိုင်းသူဌေးကို မြို့နယ်စဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်းထိုင်းနိုင်ငံ နန်းကော့ပထုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၀ ဦး ကို သူဌေးမှ လုပ်ခလေးလစာ မပေးတဲ့ အပြင် အထောက်အထားများ သိမ်းထားတဲ့ အတွက်  WAG - အလုပ်သမားမဟာမိတ်အဖွဲ့ ကသွားရောက်ဖြေရှင်းပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026