NEWS

လုပ်အားခမရှင်းပေးဘဲ ခိုင်းစေနေလို့ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်နေ

CoverLogo
231 Views
 
ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁၃ ဦး ကို လုပ်အားခ ခြောက်လစာမပေးဘဲ အလုပ်ထုတ်တဲ့အပြင် မြန်မာအလုပ်သမား၆ ဦး ကိုပါ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့ ရှိ ဆိပ်ကမ်း အနီး သဲတင် သင်္ဘောပေါ်မှာ လုပ်အားခမပေး ဘဲ ခိုင်းစေထား ကာ နေရပ်ကိုပြန်မခေါ်ပေးတဲ့ အတွက် အလုပ်သမားတွေ ဒုက္ခရောက်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ထိုင်းနိုင်ငံမှာ လာရောက် ဖွင့်လှစ်ထားတဲ့ CHINA MINGHUA GROUP CO.LTD က မြန်မာ အလုပ်သမား ၁၉ ဦး ကို ထိုင်းနိုင်ငံရှိ ကမ်းခြေများ ပြန်လည် ပြင်ဆင်ရာ မှာ လုပ်ကိုင်ရန် မြန်မာနိုင်ငံကနေ ခေါ်ယူထားတာ ဖြစ်ပြီး မြန်မာအလုပ်သမား ၆ ဦး ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကမ်းခြေရှိသဲတင်သင်္ဘောပေါ်မှာ အလုပ်ခိုင်းရန် အတွက် ပြီးခဲ့တဲ့ ၆ လကျော်ခန့်က ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
""အခုကုမ္ပဏီက မြန်မာပြည်မှာလည်းရှိတယ် မြန်မာပြည်ဘက်ကနေ အခုအလုပ်သမား ၁၉ ဦး ကို ခေါ်ထားတာ ကိုဗစ်ကာလကတည်းက ထိုင်းကိုရောက်နေကြတာ ဖီလစ်ပိုင်ကိုရောက်နေတဲ့ ၆ ယောက်က ဒီဘက်က သက်တမ်းတိုးဖို့အခက်ခဲရှိတယ်ဆိုပြီး ဖီလစ်ပိုင်ဘက်ကို ပို့လိုက်တာ သူတို့ လုပ်ငန်းက လှေပေါ်မှာနေရပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ကမ်းခြေတွေ ညစ်ပတ်နေရင် လှေနဲ့သဲတွေမောင်းတင်မယ် ကျောက်စရစ်တွေဖြည့် စသဖြင့် ကမ်းခြေ တွေ ပြန်လည်လှပအောင် လုပ်တဲ့ လုပ်ငန်း အလုပ်သမားတွေလည်း ဒီလုပ်ငန်းမှာ လုပ်လာတာကြာပြီ သူတို့လည်း ပြီးခဲ့တဲ့ ၃ လပိုင်းကစပြီး လုပ်အားခ မရတော့ဘဲ ဟိုနေ့ဒီနေ့ရမယ်နဲ့အခု ၉ လပိုင်းထိ ရောက်လာတာ အလုပ်ကတော့ လှေပေါ်မှာလုပ်နေရတာ အခု ပရော့ဂျက်မန်နေဂျာက သူတို့ကို လေယာဉ်လက်မှတ်ဝယ်ပေးလိုက်မယ် ဘတ်၂၀၀၀ ပေးပြီး ပြန်ခိုင်းတယ် လစာတွေက ရတဲ့အချိန်မှ ပေးမယ်ဆိုပြီးပြောတဲ့ အတွက် မကျေနပ်တာကြောင့် အလုပ်သမားတွေက ဦးတို့အဖွဲ့ကို အကူညီတောင်းပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနကိုတိုင်တန်းခဲ့တာ" လို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက MLN ကိုပြောပါတယ်။
 
ဒါ့အပြင် မြန်မာအလုပ်သမား ခြောက်ဦး ကို လည်း ဖီလစ်ပိုင် မနီလာမြို့ရှိ သဲစုပ်သည့်သင်္ဘောပေါ်ကို ပို့ဆောင်လိုက်တာ ခြောက်လ ခန့်ရှိပြီ ဖြစ်ပြီး ယင်းသင်္ဘော ကို ဖီလစ်ပိုင်အာဏာပိုင်တွေက တရားမဝင် ဝင်လာတဲ့ အတွက် ကုန်းပေါ်ကို တတ်ခွင့်မပြုဘူးလို့ သိရပါတယ်။
 
""သူတို့ လွှတ်လိုက်တဲ့ သင်္ဘော က တရားမဝင် ဝင်ရောက်လို့ ဆိုပြီး ဖီလစ်ပိုင်ရဲ တွေ က ကုန်းပေါ်ကိုအတက်မခံဘူး အဲ့သင်္ဘောပေါ်မှာ တရုတ် ၅ဦး၊ ထိုင်း ၃ဦးနဲ့ မြန်မာ ၆ ဦးပါသွားတယ် ထိုင်းကိုလည်းထိုင်းသံရုံးကအကူညီပေးတယ် တရုတ်ကိုလည်း တရုတ်သံရုံးက အကူညီပေးတယ် မြန်မာသံရုံး က ကူညီဖို့ကို ရောက်မလာတော့အခုလို လချီပိတ်မိနေတာ လုပ်ငန်းရှင်ကလည်း လုံးဝအဆက်သွယ်မရဘူး သူတို့လည်း လုပ်ခလစာ ၆လစာ မရဘူး သင်္ဘောပေါ်မှာ လချီ နေနေရတော့ စားနပ်ရိက္ခာလည်းပြတ်နေကြပြီ သူတို့တွေ အတွက် စိုးရိမ်ရပါတယ်အောက်လမ်းကနေပြန်ဖို့ကလည်းဘတ်တစ်သိန်းလောက်ကုန်မှာဆိုတော့သူတို့မှာလည်း ပိုက်ဆံမရှိပြန်လာမရဖြစ်နေတာ လုပ်ငန်းရှင်ကအခုထိတာဝန်ယူမှုမရှိဘူး"လို့ AAC မဟာမိတ်အဖွဲ့ မှ ဒါရိုက်တာ ဦးခိုင်ကြီးက MLN ကိုပြောပါတယ်။
 
လတ်တလောမှာ ထိုင်းနိုင်ငံ မှာ ကျန်ရှိခဲ့တဲ့ မြန်မာအလုပ်သမား ၁၃ ဦးက ဖီလစ်ပိုင်ရှိမြန်မာအလုပ်သမား ၆ ဦးအပါအဝင်မိမိတို့ရဲ့ လုပ်ခလစာမရခြင်းနဲ့ကြိုတင်အကြောင်းမှုမရှိဘဲအလုပ်ထုတ်ခြင်း စတဲ့ အလုပ်အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပက်သက်ပြီး စက်တင်ဘာလ ၁၉ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနကို သွားရောက်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းကုမ္ပဏီ ဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ အခွန်ရှောင်ရန် အတွက် ဆောက်လုပ်ရေး လုပ်ငန်း အဖြစ်သာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။
 
""အလုပ်သမားဝန်ကြီးဌာနမှာ လှေလုပ်ငန်းနဲ့ မှတ်ပုံမတင်ဘဲ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ တင်ထားတယ် အဲ့တော့ သူဌေးကိုဆက်သွယ်ဖို့ကခက်နေတယ် မြေပြင်ကို ဆင်းပြီးစစ်ဆေးရမှာမို့ အချိန်အနည်းငယ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က ပြောထားပါတယ်""လို့ ဦးခိုင်ကြီးကဆက်လက်ပြောကြားပါတယ်။
 
မြန်မာအလုပ်သမား ၁၉ ဦးရဲ့ လုပ်ခလစာ မှာ တစ်လ ကို ဘတ် ၁၅၀၀၀ ကနေ ၃၅၀၀၀ အထိ အလုပ်နေရာပေါ်မူတည်းပြီး ရရှိတယ်လို့ဆိုကာ လက်ရှိ လုပ်ခလစာ ခြောက်လစာနဲ့ အလုပ်ထုတ် နစ်နာကြားအပါစုစုပေါင်းဘတ်သိန်း ၄၀ ခန့် လုပ်ငန်းရှင်ထံမှ ရရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025
Cover
ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး
Apr 12, 2025
Cover
ရုရှားသို့ တတိယအကြိမ်အဖြစ် မြန်မာလုပ်သား ၂၇ဦး စေလွှတ်
Apr 10, 2025