NEWS

လုပ်အားခမပေးဘဲ အလုပ်ထုတ်ခံရသည့် ကားအပို ပစ္စည်းစက်ရုံ မှ မြန်မာအလုပ်သမားများ လုပ်အားခ ပြန်ရ

CoverLogo
328 Views
 
ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ကားအပိုပစ္စည်းထုတ်စက်ရုံမှလုပ်အားခတစ်လစာ မရရှိဘဲ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၈ ဦး ရသင့်တဲ့ လုပ်ခလစာ ပြန်လည်ရရှိပြီ ဖြစ်တယ်လို့ M.H.A.Cအလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
အခုလို လုပ်ခလစာပြန်လည်ရရှိဖို့ အတွက် 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန) နဲ့ 𝐌.𝐇.𝐀.𝐂(အလုပ်သမားမဟာမိတ်အဖွဲ့) မှ ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ကားအပိုပစ္စည်း စက်ရုံ မှ မြန်မာလုပ်သား ၁၈ ဦး ကို ပြီးခဲ့တဲ့ မေလ၂၀ရက်နေ့ မှာ လုပ်ခလစာ တစ်လစာ မပေးတဲ့ အပြင် အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေ ဟာ ၎င်းစက်ရုံ မှာ လုပ်သက် တစ်နှစ်ကျော် ရှိသူတွေဖြစ်ကာ လုပ်ခ တစ်လစာကိုပါ စက်ရုံပိုင်ရှင် ဖြစ်သူက မပေးတဲ့ အတွက် 𝐌.𝐇.𝐀.𝐂(အလုပ်သမားမဟာမိတ်အဖွဲ့)ထံအကူညီတောင်းခံခဲ့ပြီး နစ်နာသူအလုပ်သမားတွေနဲ့ အတူ နယ်မြေခံအလုပ်သမားရုံး မှာ မေလ ၂၆ရက်က တိုင်ကြားခဲ့ပါတယ်။
 
အခုလို တိုင်ကြားလိုက်တဲ့ အတွက် ဇွန်လ ၁၀ ရက်နေ့မှာ စက်ရုံဘက်မှ လုပ်သား ၁၈ ဦး ရရှိမယ့် လုပ်ခတစ်လစာ စုစုပေါင်း ဘတ်၃သိန်း ကို နယ်မြေခံ ဆဝါဒီကန် ရုံးမှာပြန် ပေးခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ လုပ်သက်အလိုက် ခံစားခွင့်ကိုတော့ ဆဝါဒီကန်ရုံးမှ တစ်လအတွင်းပြန်လည်အကြောင်းကြားမယ်လို့ အာမခံပြောကြားခဲ့ကြောင်း သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်းရှိ စက်ရုံ အလုပ်ရုံ တွေ မှာ မြန်မာရွှေ့ပြောင်းလုပ်သား တွေကို လုပ်ခလစာမပေးဘဲ ဥပဒေမဲ့ အလုပ်ထုတ်ပယ်မှု တွေ မကြာခဏ ဖြစ်နေ တဲ့ အတွက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အနေနဲ့ လုပ်သားအခွင့်အရေးချိုးဖောက်ခံရပါက 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန)အပါအဝင် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားရေးကူညီသူတွေထံ အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025