NEWS

လုပ်သားအခွင့်ရေးချိုးဖောက်ခံရလို့ တိုင်ကြားမှုများပေမယ့် စစ်ဆေးအရေးယူမရဖြစ်နေဟုဆို

CoverLogo
315 Views

အရှေ့အလယ်ပိုင်းနိုင်ငံတွေ မှာ  အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရလို့  မြန်မာအလုပ်သမားတွေ က အလုပ်သမားဝန်ကြီးဌာန ကို တိုင်ကြားတာတွေ များနေပေမယ့်  ပို့ဆောင်ပေးတဲ့ အေ့ဂျင့်နဲ့ပွဲစား တို့ရဲ့  အချက်အလက် အတိအကျမရှိခြင်းတို့ကြောင့် ကျူးလွန်သူတွေ ကို  စစ်ဆေးအ‌ရေးယူဖို့  အခက်အခဲရှိတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြောပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့  ဒူဘိုင်း၊ ဆော်ဒီ၊ အိုမန် စတဲ့ နိုင်ငံတွေကို  သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေ မှာ  အဆင်မပြေမှုများတဲ့ အတွက်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲဝန်ကြီးဌာနတို့က ပြန်လည်ခေါ်ဆောင်ပေးခဲ့ရတာရှိပြီး အဆိုပါ အခက်အခဲတွေအပေါ် အရေးယူဆောင်ရွက်ချက်များနဲ့  ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် အလုပ်သမားဝန်ကြီးဌာနက ယခုလို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနိုင်ငံတွေ မှာမြန်မာအလုပ်သမားတွေ အနေနဲ့  အိမ်အကူလုပ်ငန်း၊ အခြား အထွေထွေ လုပ်သား အဖြစ် တရားမဝင် သွားရောက် လုပ်ကိုင်ကြပြီး ဝန်ဆောင်ခ အဆမတန်ပေးရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုကျင့်ခံရခြင်း၊ ရိုက်နှက်နှိပ်စက်ခံရခြင်း၊ အစားစာမကျွေးခြင်း စတဲ့ အခက်ခဲများ ဖြစ်ပေါ်နေပြီး အချို့ပွဲစား၊ အေ့ဂျင့် တွေက တနိုင်ငံမှ တနိုင်ငံကို စေလွှတ်ကာ တာဝန်ယူမှု မရှိဘဲ မိခင်နိုင်ငံကို ပြန်လိုပါက လျော်ကြေးအဆမတန်တောင်းခြင်း၊ နိုင်ငံကူးလက်မှတ်နဲ့အခြားအထောက်အထားများသိမ်းထားခြင်း စတဲ့ ပြသာနာတွေ များစွာကြုံတွေနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတဲ့ အတွက် နစ်နာသူ တွေက တိုင်ကြားတဲ့အခါမှာ ဌာနမှ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရာ ၎င်းတို့အား ပို့ဆောင်ခဲ့တဲ့ ပွဲစားများ၊ အေးဂျင့်များမှာ ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်မရရှိသူများ၊ တရားဝင်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် တိုင်ကြားစာပါ လိပ်စာများတွင် နေထိုင်မှုမရှိဘဲ တိမ်းရှောင်နေခြင်း၊ တိုင်ကြားသူများမှလည်း ပွဲစားများ၏ နေရပ်လိပ်စာအမှန်နှင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းကဲ့သို့သော အရေးကြီးစာရွက်စာတမ်းများကို မသိရှိရခြင်း၊ ငွေပေးငွေယူ စာချုပ်စာတမ်းများ ချုပ်ဆိုထားမှု မရှိခြင်းများကြောင့် စစ်ဆေးအရေးယူရန် အခက်အခဲရှိနေတာလို့  အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အခက်ခဲဒုက္ခရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို မိခင်နိုင်ငံသို့ ပြန်လာနိုင် ဖို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာန တွေ နဲ့ ပူးပေါင်းချိတ်ဆက် ကူညီဆောင်ရွက်ပေးနေတယ်လို့လဲဆိုပါတယ်။

အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးခြင်း၊ ပြဿနာအခက်ခဲများ ကြုံတွေ့နေရခြင်းများမှာ တရားမဝင်သွားရောက် လုပ်ကိုင်ခြင်း ရဲ့ အကျိုးဆက်များ ဖြစ်တဲ့ အတွက်  ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေမှတစ်ဆင့် ပြည်ပနိုင်ငံများကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ဖို့ လည်း တိုက်တွန်းထားပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026