NEWS

လုပ်သားစေလွှတ်ပြီး ၂၅% လွှဲပို့ငွေမတင်ပြနိုင်တဲ့ အေဂျင်စီ ၁၀၀ ကျော် အလုပ်​ခေါ်စာ အသစ်တင်ပြခွင့်ဆိုင်းငံ့ခံရ

CoverLogo
921 Views

ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စေလွှတ်ထားတဲ့အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ငွေ၂၅ရာ ခိုင်နှုန်းအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့အေဂျင်စီ တစ်ရာကျော်ကို Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခံလိုက်ရတယ်လို့ သိရပါတယ်။ 


"တင်ပြနိုင်ကြတာတွေရှိပါတယ်။ တချို့ကကိုယ့်ပိုက်ဆံနဲ့ကိုယ်စိုက်လွှဲကြတာလေ။ စိုက်မလွှဲနိုင်ကြသူတွေကတော့ ရပ်ဆိုင်းထားတာပေါ့။ ကလေးတွေကလည်းမလွှဲဘူး ဟိုကလည်းအတင်းတောင်းဆိုတော့ အလယ်ကနေညပ်နေကြတာ။ အလုပ်သမားကမလွှဲတာကို ဘာမှမတတ်နိုင်ဘူးပေါ့" လိူ့ ပြည်ပအလုပ်သမားစေလွှတ်နေသူတစ်ဦးကဆိုပါတယ်။ 


ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေကို လုပ်သားစေလွှတ်ထားတဲ့အေဂျင်စီတွေအနေနဲ့ မိမိတို့စေလွှတ်ထားတဲ့အလုပ်သမားလစာရဲ့ ၂၅ရာခိုင်နှုန်းကို တရားဝင်ဘဏ်ကနေမိသားစုထံလွှဲပို့ငွေအထာက်အထားကို  အေဂျင်စီတွေက  အလုပ်သမားဝန်ကြီးဌာနဘက်ပြန်လည်တင်ပြရာမှာ အထောက်အထားတစ်ရာရာခိုင်နှုန်းအပြည့် တင်ပြနိုင်ခြင်းမရှိတာ​ကြောင့် အထောက်အထားအစုံတင်ပြနိုင်ခြင်းမရှိတဲ့အေဂျင်စီကို စေလွှတ်ရေးလုပ်ငန်းစဥ်နဲ့ Demand Letter အသစ်ဆင်ပြခွင့်တွေ ဆိုင်းငံ့လိုက်တာလို့ သိရပါတယ်။ 


အေဂျင်စီ ၂၀၀ အထိခေါ်ယူစစ်ဆေးခဲ့ရာ စစ်ဆေးခံရမှုပျက်က​ွက်အေဂျင်စီစာရင်း ၈ ခု၊ ၂၅ ရာခိုင်နွုန်းလွှဲပို့ငွေအထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့အေဂျင်စီပေါင်း ၆၀ ခု၊ ၂၅ ရာခိုင်နှုန်းလွှဲပို့ငွေအထောက်အထား၁၉ရာခိုင်နှုန်းနဲ့အောက်သာ တင်ပြနိုင်တဲ့အေဂျင်စီပေါင်း...၄၆ခု၊ ၂၅ ရာခိုင်နွုန်းလွှဲပို့ငွေအထောက်အထား၃၀ရာခိုင်နှုန်း မှ ၂၀ရာခိုင်နှုန်း အတွင်းတင်ပြနိုင်တဲ့အေဂျင်စီ... ၇ခု၊ ၂၅ ရာခိုင်နှုန်းလွှဲပို့ငွေအထောက်အထား ၄၀ရာခိုင်နှုန်းမှ၃၁.ရာခိုင်နွုန်းအတွင်းတင်ပြနိုင်တဲ့အေဂျင်စီ . ၁၄ ခု အေဂျင်စီ စုစုပေါင်း ၁၃၅ ခုကို စေလွှတ်ရေးနဲ့ Demand Letter အသစ်တင်ပြခွင့်တွေ. ပိတ် လိုက်တာဖြစ်ပါတယ်။ 


အဆိုပါအေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ငွေ အထောက်အထားတင်ပြနိုင်ပါက ဆက်လက်တင်ပြနိုင်ပြီး တစ်ရာရာခိုင်နှုန်းပြည့်အထိ တင်ပြနိုင်ပါက စေလွှတ်ရေးလုပ်ငန်းတွေပြန်လည်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ 


ခေါ်ယူစစ်ဆေးတဲ့အေဂျင်စီ ၂၀၀ ကျော်အနက် ၁၃၅ ခုဆိုင်းငံ့ခံရတာဖြစ်ပြီးအဆိုပါအေဂျင်စီတွေဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ကေန ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကိုအလုပ်သမား စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေဖြစ်ကာ အလုပ်သမားတွေကမိသားစုလွှဲပို့ငွေ အထောက်အထား ကို အလုပ်သမားဝန်ကြီးဌာနဘက်ကိုပြန်လည်တင်ပြပေးဖို့ခေါ်ယူစစ်ဆေးမှူမခံဘဲ  ပျက်ကွက်ခဲ့တဲ့ အေဂျင်စီတွေကိုတော့  ဒဏ်ငွေတစ်သိန်းပေးဆောင်ဖို့ပါချမှတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ 


" အေဂျင်စီတွေကနေမှ ကိုယ့်အလုပ်သမားက မိသားစုလွှဲပို့ငွေအထောက်အထား  သတ်မှတ်ရာခိုင်နှုန်းပြည့်အထိ ပြနိုင်မှပဲရတော့မှာ။   ဒါကမလွယ်တော့ဘူး။ ရှေ့ဆက်သာလုပ်ရမှာ ပြီးတဲ့လတွေကဟာကိုတော့ အလုပ်သမားကလည်းပေးမှာမဟုတ်ဘူး။ တကယ်လို့ပေးရင်လည်းအထောက်အထားတွေရရှိတယ်ဆို  မန်နေးဂျင်းဒါရိုက်တာတွေ အေဂျင်စီရဲ့ တရားဝင်ကိုယ်စားလှယ်တစ်ဦးဦးက အလုပ်သမားဝန်ကြီးဌာန (ရုံးချုပ်)မှာ အစစ်ဆေးခံရအုံးမှာ " လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကိုအလုပ်သမားစေလွှတ်ခဲ့တဲ့ အေဂျင်စီ ၂၀၀ ကျော်အနက်  အေဂျင်စီ ( ၈၁ ) ခုသာအထောက်အထား ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့တာလို့ သိရပါတယ်။ 


ပြည်ပရောက်အလုပ်သမားတွေဟာ စစ်ကောင်စီရဲ့ငွေစျေးနဲ့ ပြည်ပငွေလဲလှယ်နှုန်းဈေးကွာဟချက်တွေကြောင့် ပြည်ပရောက်အလုပ်သမားတွေက တရားဝင်မိသားစုထံလွှဲပို့ငွေကို မလုပ်ဆောင်ချင်ကြဘဲ မိမိတို့အဆင်ပြေရာလမ်းကြောင်းအတိုင်း ငွေလွှဲပိုနေကြတာဖြစ်ပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026