NEWS

လုပ်သက်နှစ်၂၀ကျော် ရှိ ဝန်ထမ်းများကို နစ်နာကြေး ဘတ်တစ်သောင်းပေးကာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်

CoverLogo
411 Views
 
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ခုတွင် လုပ်သက် နှစ်၂၀ကျော်ရှိတဲ့ လုပ်သက်ရင့် မြန်မာအလုပ်သမား ၆၀ ကျော်ကို စက်ရုံဘက်မှ ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ ၎င်းအမှုကိုကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ ထံ မှသိရပါတယ်။
 
၎င်းစက်ရုံမှ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားတွေကို ဥပဒေတိုင်းနစ်နာကြေး မပေးဘဲ ဘတ်တစ်သောင်းသာ ပေးတဲ့ အတွက် အလုပ်သမားတွေက MHAC မဟာမိတ်ထံ အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
""စက်ရုံဘက်က ကြိုတင်အကြောင်းမကြားဘူး ဘာလို့အလုပ်ထုတ်တယ် ဆိုတဲ့အကြောင်းပြချက်လည်းမရှိဘဲ အလုပ်ထုတ်တယ် နစ်နာကြေးကိုလည်း ဘတ်တစ်သောင်းထက်ပိုမပေးဘူး တစ်သောင်းဘဲပေးမယ်လို့ ပြောတယ် ဒါကြောင့် လုပ်သက်နစ်နာကြေးနဲ့အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေရဖို့ တိုင်ကြားတာပါ""လို့ နစ်နာသူမြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
 
၎င်းစက်ရုံမှ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၆၀ ကျော်ရှိပေမယ့် မြန်မာ အလုပ်သမား၄၀ခန့်သာ လာရောက်ပြီး MHAC မဟာမိတ်အဖွဲ့နဲ့အတူ ထိုင်းအစိုးရရဲ့ မြို့နယ် ဆဝါဒီကန်ရုံးမှာစက်ရုံဘက်ကို အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
MHAC မဟာမိတ်အဖွဲ့အနေနဲ့ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားများ ထိုက်သင့်တဲ့နစ်နာကြေးရရှိဖို့ အမှုပြီးဆုံးသည်အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အလုပ်ထုတ်ခံရပါက လုပ်သက်ရက်ပေါင်း၁၂၀ကျော်လွန်ပြီး တစ်နှစ်မပြည့်သေးတဲ့ အလုပ်သမားကို နစ်နာကြေး အဖြစ် နောက်ဆုံးလစာ အတိုင်း ရက် ၃၀ စာပေးရမှာ ဖြစ်သလို လုပ်သက် ၁နှစ်မှ၃နှစ် အတွင်းရှိသူ ကို နောက်ဆုံးလစာအတိုင်း ရက်၉၀စာ နစ်နာကြေးပေးရမယ်လို့ ဥပဒေပြဌာန်းထားပါတယ်။
 
လုပ်သက်၃နှစ်မှ၆နှစ်ရှိသူ ကို နောက်ဆုံးလစာ အတိုင်း ရက် ၁၈၀ စာနစ်နာကြေးပေးရမှာဖြစ်ပြီး လုပ်သက်၆နှစ်မှ၁၀နှစ် ရှိသူကို နောက်ဆုံးလစာ အတိုင်း ရက်၂၄၀စာပေးရပြီး လုပ်သက်၁၀နှစ်အထက်ရှိပါက ရက်ပေါင်း ၃၆၀ စာ နစ်နာကြေးပေးရမယ်လို့ ထိုင်းအလုပ်သမားဥပဒေမှာ ပြဌာန်းထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026