NEWS

လုပ်သက်နစ်နာကြေး မပေးဘဲ မြန်မာလုပ်သား ၂၇ဦး ကို အလုပ်ဖြုတ်သည့် စက်ရုံပိုင်ရှင်ကို အမှုဖွင့်တိုင်ကြား

CoverLogo
288 Views
 
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၇) ယောက် ကို လုပ်သက်နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်လိုက်လို့ စက်ရုံပိုင်ရှင်ကို ချွန်ပူရီခရိုင်ရှိ ထိုင်းအလုပ်သမားကာကွယ်ရေး ဆာဝါဒီကန်ရုံး မှာဇူလိုင် ၉ရက် နေ့က အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်း စက်ရုံဘက်မှ ပိတ်သိမ်းမယ့် အကြောင်း ကို မြန်မာလုပ်သားတွေကို ကြိုတင်အသိပေးတာမျိုး မရှိဘဲ စက်ရုံတာဝန်ရှိသူမှ ဇူလိုင် ၈ရက် မှ စပြီး စက်ရုံ ပိတ်သိမ်းမှာ ဖြစ်လို့ ဝန်ထမ်းအားလုံး ကို အလုပ်ဖြုတ်လိုက်ကြောင်း ဇူလိုင် ၇ရက် မှာ ပြော ကြားခဲ့တယ်လို့ နစ်နာသူအလုပ်သမားတွေကပြောပါတယ်။
 
အခုလို အလုပ်ဖြုတ် လိုက်တဲ့ အတွက် မြန်မာလုပ်သားတစ်ဦး ကို လုပ်အားခ တစ်လစာနဲ့ အပိုငွေ ဘတ် ၅၀၀၀ ကို နစ်နာကြေး အဖြစ်ပေးမယ်လို့ စက်ရုံ ဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သား ၂၇ဦးဟာ ၎င်းစက်ရုံ မှာ အလုပ် လုပ်နေတဲ့ သက်တမ်းဟာ အနည်းဆုံး ၇နှစ်မှ ၁၃နှစ် အထိ ရှိတဲ့ လုပ်သက် နှစ်ကြီးသမားတွေ ဖြစ်တဲ့ အတွက် ရသင့်ရထိုက်တဲ့ လုပ်သက်နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံတာဝန်ရှိသူက ပေးရန်ငြင်းဆန်ခဲ့တယ်လို့ လည်း သိရပါတယ်။
 
အခုလို စက်ရုံဘက်မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ အတွက် နစ်နာသူမြန်မာလုပ်သားတွေက M.H.A.C (မဟာမိတ်အဖွဲ့) မှတဆင့် NUG အလုပ်သမားဝန်ကြီးဌာနကို အကူအညီတောင်းခံလာတဲ့ အတွက် MHAC မဟာမိတ်အဖွဲ့ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ ပူပေါင်းကာ ဇူလိုင် ၉ရက်က တွင် ချွန်ပူရီခရိုင် ဆာဝါဒီကန်ရုံးမှာ စက်ရုံ မှ တာဝန်ရှိသူကို အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
ယခုကာလအတွင်း ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံ တွေ မှ မြန်မာလုပ်သားတွေကို ကြိုတင်အသိမပေးဘဲ အလုပ် ထုတ်တာ လုပ်ခလစာ တွေ မပေးတာ၊လုပ်သက်နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရတာတွေ မကြာခဏ ဖြစ်ပေါ် လျက်ရှိပြီး အခုလို အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားဝန်ကြီးဌာန ထံ အကူညီတောင်းခံတိုင်ကြားနိုင်တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထား ပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025