NEWS

လုပ်သက်နစ်နာကြေး မပေးဘဲ မြန်မာလုပ်သား ၂၇ဦး ကို အလုပ်ဖြုတ်သည့် စက်ရုံပိုင်ရှင်ကို အမှုဖွင့်တိုင်ကြား

CoverLogo
449 Views
 
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၇) ယောက် ကို လုပ်သက်နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်လိုက်လို့ စက်ရုံပိုင်ရှင်ကို ချွန်ပူရီခရိုင်ရှိ ထိုင်းအလုပ်သမားကာကွယ်ရေး ဆာဝါဒီကန်ရုံး မှာဇူလိုင် ၉ရက် နေ့က အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်း စက်ရုံဘက်မှ ပိတ်သိမ်းမယ့် အကြောင်း ကို မြန်မာလုပ်သားတွေကို ကြိုတင်အသိပေးတာမျိုး မရှိဘဲ စက်ရုံတာဝန်ရှိသူမှ ဇူလိုင် ၈ရက် မှ စပြီး စက်ရုံ ပိတ်သိမ်းမှာ ဖြစ်လို့ ဝန်ထမ်းအားလုံး ကို အလုပ်ဖြုတ်လိုက်ကြောင်း ဇူလိုင် ၇ရက် မှာ ပြော ကြားခဲ့တယ်လို့ နစ်နာသူအလုပ်သမားတွေကပြောပါတယ်။
 
အခုလို အလုပ်ဖြုတ် လိုက်တဲ့ အတွက် မြန်မာလုပ်သားတစ်ဦး ကို လုပ်အားခ တစ်လစာနဲ့ အပိုငွေ ဘတ် ၅၀၀၀ ကို နစ်နာကြေး အဖြစ်ပေးမယ်လို့ စက်ရုံ ဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သား ၂၇ဦးဟာ ၎င်းစက်ရုံ မှာ အလုပ် လုပ်နေတဲ့ သက်တမ်းဟာ အနည်းဆုံး ၇နှစ်မှ ၁၃နှစ် အထိ ရှိတဲ့ လုပ်သက် နှစ်ကြီးသမားတွေ ဖြစ်တဲ့ အတွက် ရသင့်ရထိုက်တဲ့ လုပ်သက်နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံတာဝန်ရှိသူက ပေးရန်ငြင်းဆန်ခဲ့တယ်လို့ လည်း သိရပါတယ်။
 
အခုလို စက်ရုံဘက်မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ အတွက် နစ်နာသူမြန်မာလုပ်သားတွေက M.H.A.C (မဟာမိတ်အဖွဲ့) မှတဆင့် NUG အလုပ်သမားဝန်ကြီးဌာနကို အကူအညီတောင်းခံလာတဲ့ အတွက် MHAC မဟာမိတ်အဖွဲ့ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ ပူပေါင်းကာ ဇူလိုင် ၉ရက်က တွင် ချွန်ပူရီခရိုင် ဆာဝါဒီကန်ရုံးမှာ စက်ရုံ မှ တာဝန်ရှိသူကို အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
ယခုကာလအတွင်း ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံ တွေ မှ မြန်မာလုပ်သားတွေကို ကြိုတင်အသိမပေးဘဲ အလုပ် ထုတ်တာ လုပ်ခလစာ တွေ မပေးတာ၊လုပ်သက်နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရတာတွေ မကြာခဏ ဖြစ်ပေါ် လျက်ရှိပြီး အခုလို အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလုပ်သမားဝန်ကြီးဌာန ထံ အကူညီတောင်းခံတိုင်ကြားနိုင်တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထား ပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026