ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လရောင်မြို့ဆောက်လုပ်ရေးတခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးမှာ အဆောက်အဦးခေါင်မိုးပေါ်မှ လုပ်ငန်းခွင်မတော်တဆ မှု ဖြစ်ကာပြုတ်ကျသေဆုံးခဲ့တဲ့ အတွက် နစ်နာကြေးဘတ်ငါးသိန်းခွဲ(မြန်မာကျပ်သိန်း၈၀၀ကျော်) ရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးတဲ့(WAG) အလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ရက်က မြန်မာအလုပ်သမား ဖြစ်သူ မောင်ကျော်မင်းထက်မှာ လုပ်ငန်းခွင်အတွင်းဆောက်လုပ်ရေးခေါင်မိုးပေါ် သွပ်မိုးတွေ ဆွဲတင်နေချိန် လေတိုက်ပြီး ခေါင်မိုးပေါ်မှပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား မှာအထောက်အထား မရှိသူ ဖြစ်ကာ မိသားစုမှ သေဆုံးမှုနစ်နာကြေးကို ကူညီဆောင်ရွက်ပေးရန် (WAG)အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူညီတောင်းခံလာတဲ့ အတွက် (WAG)အဖွဲ့သားတွေက လုပ်ငန်းခွင်သို့သွားရောက်ပြီး တာဝန်ရှိသူနှင့် ပုလိပ်ရုံးသို့သွားရောက်ကာ နစ်နာကြေး အဖြစ် ၅၅၀၀၀၀ ဘတ် ပေးရန် သဘောတူ လက်မှတ်ထိုးပေးခဲ့တယ်လို့သိရပါတယ်။
နစ်နာကြေးကို သေဆုံးသူရဲ့ ဇနီးက ဩဂုတ်လ ၂၇ရက် မှာ (WAG)အဖွဲ့သားများနှင့်အတူ ပုလိပ်ရုံးမှာ အလုပ်ရုံသူဌေးထံ မှရရှိ ခဲ့ တယ်လို့ သိရပါတယ်။