NEWS

လုပ်ငန်းခွင် မတော်တဆမှုကြောင့်လက်ချောင်းဖြတ်ရတဲ့ MOU အလုပ်သမား နစ်နာကြေးမရဘဲ အခက်ခဲဖြစ်နေ

CoverLogo
443 Views
 
ထိုင်းနိုင်ငံက ရေသန့်ဘူးအခွံ ပြုလုပ်တဲ့ စက်ရုံ မှာ MOU မြန်မာ အလုပ်သမား တစ်ဦး မှာ လုပ်ငန်းခွင် မတော်တဆ မှုကြောင့် လက်ချောင်း ဖြတ်ပစ်ရပေမယ့် နစ်နာကြေး မရတဲ့ အပြင် စက်ရုံက တာဝန်ယူမှု မရှိတဲ့ အတွက် ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံထားတယ်လို့ သိရပါတယ်။
၎င်း မြန်မာအလုပ်သမားဟာ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်၊ လမ်လုကာ ခေါင်း(7) တွင်ရှိတဲ့ (ရေသန့်ဗူးအခွံစက်ရုံ) မှာ အလုပ်လုပ်ဖို့ အတွက် မြန်မာနိုင်ငံဘက်မှ Poe Poe & Phyo Thandar TUN Family Co.,LTD နှင့် (၂)နှစ်စာချုပ်ချုပ်ဆိုဆိုခဲ့ပြီး လာရောက်ခဲ့တာ မှာ တစ်နှစ်နဲ့၃လ ခန့်ရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလ ၃ရက်နေ့ က ညဆိုင်းဆင်းပြီး အိမ်ပြန် ခါနီး မနက် ၆နာရီ ၄၅မိနစ် အချိန်ခန့်တွင် စက်ရုံအတွင်းအလုပ်လုပ်နေစဉ် လုပ်ငန်းခွင်အတွင်း ရေသန့်ဗူး အခွံများ စိုင်ဖန်ပေါ်မျှောရာ မှာ ငြိမ်နေစေရန်လေစုပ်တဲ့ စက်အတွင်းကို မတော်တဆ ဘယ်ဘက်လက်ဝင်သွားပြီး လက်ညှိုး၊လက်ခလယ်၊လက်သန်းကြွယ်၊လက်သန်း (4)ချောင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
အခင်းဖြစ်ပြီး ပထုံဆေးရုံ မှာ ဆေးကုသမှုကို(၆) ရက် ကြာမျှခံယူပြီး လက်သန်းကြွယ် လက် (၁)ဆစ် ဖြတ်ပစ်လိုက်ရကာ ကျန် (၃)ချောင်းမှာ အကြောပြတ်သွားတဲ့ အတွက် အကွေးဆန့်လုပ်မရတော့ ဘူးလို့ သိရပါတယ်။
၂၀၂၄ခုနှစ် ဧပြီ ၉ရက်မှာ ဆေးရုံမှဆင်းရပြီး (၁)လ(၂ )ကြိမ်နှုန်းဖြင့် ပထုံဆေးရုံတွင် (4)ခေါက် ဘန်ကောက်ဆေးရုံတွင် (3)ခေါက် ပြန်လည်ပြသရတယ်လို့ သိရပါတယ်။
ဆေးကုသမှုကုန်ကျစရိတ် တွေ တော့ ကို ပကန်စံခွန်မှ ဖြတ်ယူခဲ့ပြီး လမ်းစရိတ် တွေ ကို တော့ မိမိဘာသာအကုန်ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။
အလုပ်မဆင်းဘဲ (၃)လကျော်နားရပေမယ့် လုပ်အားခ (၁)လစာ (၈၆၂၀)ဘတ်သာ စက်ရုံကထောက်ပံ့ပေးပြီး မည်သည့်တာဝန်ယူမှု တာဝန်ခံမှု မှမရှိတဲ့အပြင် အေဂျင်စီကို ထံအကြောင်းကြားပေမယ့်လည်း လုပ်ဆောင်ပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့်၎င်းရဲ့ ဆုံးရှုံးနစ်နာမှုအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးရရှိ ဖို့ အတွက် WAG-အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူညီတောင်းခံထားကာ WAGအဖွဲ့ အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025