NEWS

လုပ်ငန်းခွင် မတော်တဆ​ကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားအတွက် နစ်နာကြေး ရရှိရန်​ ကူညီဆောင်ရွက်​ပေးခဲ့

CoverLogo
510 Views

ထိုင်းနိုင်ငံ မဟာချိူင် ဘန်ထိုရပ် နယ်မြေရှိ စက်ရုံ တွင် လုပ်ငန်းခွင်မတော်တဆ ကြောင့်အသက်ဆုံးရှုံးခဲ့တဲ့ မြန်မာအလုပ်သမား တစ်ဦး အတွက် ကူညီ​ဆောက်ရွက် ​ပေးရာ ပကန်ဆံခွန် နစ်နာကြေး ဘတ် ၈ သိန်းခွဲကျော်  ကို ကျန်ရစ်သူမိသား စု က ရရှိခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့ မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ ထံက သိရပါတယ်။ 


စမူစက်ခွန် ခရိုင်ရှိ  အသားလုံး ထုတ် လုပ်တဲ့ စက်ရုံ တွင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဦး-- မှာ လုပ်ငန်းခွင် အတွင်း  ဓါတ်လှေကား ပြုတ်ကျ ကာ မတော်တဆ ထိခိုက်မိရာ မှ အသက်ဆုံးရှုံး ခဲ့တာလို့ သိရပါတယ်။ 


ထိုသို့ သေဆုံးခဲ့တဲ့ အတွက် ကျန်ရစ်သူ မိသားစု က ပကန်ဆံခွန် နစ်နာကြေး ရရှိနိုင်ရန် အတွက် MHAC မဟာမိတ်ထံ အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ 


ဒါကြောင့် MHAC မဟာမိတ်အဖွဲ့မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ  က ကူညီဆောင်ရွက် ပေးခဲ့ရာ မှာ  နစ်နာကြေးရပိုင်ခွင့်ကို ဇနီးမယားအမည်ဖြင့် လျှောက်ထားပေးခဲ့ ပြီး  မဟာချိုင် ပကန်ဆံခွန်ရုံးမှာ နိုဝင်ဘာ ၇ ရက်က နစ်နာကြေး ငွေ ဘတ် ၈၆၇၄၀၀ ဘတ်ကို ဘဏ်ချက်လက်မှတ်ဖြင့် ကျန်ရစ်သူမိသားစုကို ပေးခဲ့တယ်လို့သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026