NEWS

လုပ်ငန်းခွင်အတွင်း ဦးခေါင်းအရေပြား အပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအမျိုးသမီး တနှစ်အကြာမှာ နစ်နာကြေးဘတ် ၇ သိန်းကျော်ရရှိ

CoverLogo
104 Views
 
ထိုင်းနိုင်ငံ ရှိ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် စက်ညှပ်သွားရာမှ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာနဲ့ ဦးခေါင်းရေပြား အပြင်းထန်ထိခိုက်ဆုံးရှူံးသွားတဲ့ မြန်မာလုပ်သားအမျိုးသမီး ကို ပကန်စခွန်နှင့် ထိခိုက်နစ်နာကြေးအတွက် ဘတ်ငွေ ၇သိန်းကျော် ရရှိအောင်ကူညီပေးခဲ့တယ်လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ မှ သတင်းထုတ်ပြန်ထားပါတယ်။
 
၂၀၂၄ ခုနှစ် ဇူလိုင်လ၂၁ရက်နေ့က စမှုစခွန်ခရိုင် မဟာချိုင် ကထူးပင်ရှိ သံစက်ရုံ တစ်ခု မှာ လုပ်ကိုင်နေတဲ့ အသက်၂၆နှစ်အရွယ် မြန်မာလုပ်သားအမျိုးသမီးငယ်တစ်ဦးဟာ အလုပ်ချိန်အတွင်း စက်ညပ်သွားတာကြောင့် ဦးခေါင်းအရေပြားတစ်ခြမ်း ဆုံးရှုံးကာ ပွန်းပဲ့ဒဏ်ရာ များ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီးရဲ့ နစ်နာမှုအတွက် ကူညီပေး ဖို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထံ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို အကူညီတောင်းခံမှုအပေါ် MHAC မဟာမိတ်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ရာ နစ်နာသူ မြန်မာအလုပ်သမားမှာ နေထိုင်ရေး အခက်ခဲရှိတာကြောင့် ရုံးမှာ ဘဲ တစ်နှစ်ကျော်ကြာ နေထိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
 
၂၀၂၅ခုနှစ် အောက်တိုဘာလ၂၈ရက်မှာတော့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ရဲ့ ကူညီဆောင်ရွက်ပေးမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာလုပ်သားအမျိုးသမီး အတွက် ပကန်စခွန်နှင့် ထိခိုက်နစ်နာကြေးအတွက် ဘတ်ငွေ ၇၄၅၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025