NEWS

လုပ်ငန်းခွင်အတွင်း ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာလုပ်သားအမျိုးသမီးကို အကြောင်းမဲ့ရိုက်နှက်သဖြင့် ရဲကိုတိုင်ကြား

CoverLogo
315 Views
 
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ အလုပ်ရုံတစ်ရုံ မှ ထိုင်းအလုပ်သမားခေါင်းဆောင်(၀န)ဆိုသူက မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသမီးကို လုပ်ငန်းခွင်အတွင်း အကြောင်းမဲ့ရိုက်နှက်တဲ့ အတွက် နယ်မြေခံရဲစခန်းသို့တိုင်ကြားပေးခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) ထံမှ သိရပါတယ်။
 
စက်တင်ဘာ၂၈ ရက် ညပိုင်းက မြန်မာအမျိုးသမီးလုပ်သား ဟာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် တစ်ခြားလိုင်း မှ ထိုင်းအမျိုးသား အလုပ်သမားခေါင်းဆောင်(ဝန)ဖြစ်သူ လာရောက်စဉ် လူချင်းတိုက်မိမည်စိုးရိမ်သဖြင့် ဘေးသို့ကပ်ပေးသော်လည်း ၎င်းထိုင်းအမျိုးသားက ဝင်တိုက်ပြီး မတောင်းပန်တဲ့ အပြင် မြန်မာအမျိုးသမီးရဲ့ မျက်နှာကို အားဖြင့်ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
 
""သူက လုပ်ငန်းထဲမှာအလုပ်သမားတွေကို ရိုက်တယ် ပြီးရင် အလုပ်ကနေထုတ်တယ် သူဋ္ဌေးကလည်း ဘာမှထိထိရောက်ရောက်မလုပ်ပေးဘူး အခုလည်း ကျွန်မကထိမှာစိုးလို့ဘေးကပ်နေတာကို သူ့ဟာသူလာတိုက်မိပြီး ကျွန်မနားထင်နားကိုအားနဲ့လာရိုက်တာ တောင်းလည်းမတောင်းပန်ဘူး အကြောင်းမဲ့ အဲ့အတွက် မကျေနပ်ဘူး မြန်မာနိုင်ငံသားတွေကိုလုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုတာသိစေချင်တာ သူ့ကိုပြန်တောင်းပန်ခိုင်း ပြီးခံဝန်ထိုးခိုင်းစေချင်တာ''လို့ နစ်နာသူ မြန်မာအမျိုးသမီးလုပ်သားကပြောပါတယ်။
 
၎င်း ထိုင်းအမျိုးသား အလုပ်သမားခေါင်းဆောင် ကို အရေးယူနိုင်ရေး အတွက် နစ်နာသူ မြန်မာအမျိုးသမီး လုပ်သားက အေအေစီရဲမင်းဦးဆောင်သော𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံလာရောက်အကူညီတောင်းခံလာတဲ့အတွက် နစ်နာသူအမျိုးသမီးအား သွား​ရောက်တွေ့ဆုံမေးမြန်းပြီးသက်ဆိုင်ရာနယ်မြေခံရဲစခန်း၌ ညတွင်းချင်း တိုင်းကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလိုတိုင်ကြားလိုက်တဲ့ အတွက် ကျူးလွန်သူထိုင်းအမျိုးသား ကို ရဲစခန်းသို့ ခေါ်ကာ နစ်နာသူမြန်မာအမျိုးသမီးရဲ့ ဆန္ဒအတိုင်း တောင်းပန်စေပြီး နောက်နောင်ထပ်မကျူးလွန် ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026