NEWS

လုပ်ငန်းခွင်အတွင်း ခေါင်းဦးရေပြားကွာကျတဲ့ အထိ ဒဏ်ရာရရှိခဲ့သော်လည်း နစ်နာကြေးမပေးဘဲ အလုပ်ကထုတ်ခံရလို့ အခက်အခဲဖြစ်​နေ

CoverLogo
366 Views

ထိုင်းနိုင်ငံ မဟာချိုင် ရှိ သံစက်ရုံ တစ်ရုံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးလုပ်ငန်းခွင်မတော်တဆ မှု ကြောင့် ခေါင်းဦးရေပြား တစ်ခြမ်းကွာကျတဲ့အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့်လုပ်ငန်းရှင်က နစ်နာကြေးမပေးတဲ့အပြင် အလုပ်ကပါ ထုတ်ပယ်လိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် MHAC မဟာမိတ်အဖွဲ့မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ ထံက သိရပါတယ်။ 

၎င်း မြန်မာအလုပ်သမား အမျိုးသမီးမှာ လုပ်ငန်းခွင်ထဲ အလုပ်လုပ်နေစဥ်အတွင်း စက်ထဲသို့ ဆံပင်များရစ်ပတ်ခါ ပါသွားတဲ့ အတွက် ခေါင်းဦးရေပြား တစ်ခြမ်းကွာကျပြီး ပေါင်တစ်ဘက်တွင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။ 

ဆေးရုံတွင်ဆေးကုသမှုခံယူပြီး ပြန်ဆင်းခဲ့ပေမယ့် စက်ရုံမှ တာဝန်ယူမှုမရှိတဲ့ အပြင် ပကန်ဆံခွန်နစ်နာကြေး မပေးဘဲ အလုပ်ကပါ ကြိုတင်အကြောင်းမကြားပဲ ထုတ်ပစ်လိုက်တယ်လို့သိရပါတယ်။ 

အခုလို လုပ်ငန်းရှင်ဘက်က တာဝန်ယူမှု မရှိဘဲ အလုပ်သမား အခွင့်ရေး ချိုးဖောက်တဲ့ အတွက် အေအေစီကိုရဲမင်းဦးဆောင်သော MHAC မဟာမိတ်အဖွဲ့သို့ ဆက်သွယ်လာကာ မိမိနစ်နာမှုအတွက် အလုပ်သမာ​ ဥပဒေ အတိုင်း ကူညီဆောင်ရွက်ပေးပါဖို့ တောင်းဆို တိုင်ကြားထားတယ်လို့သိရပါတယ်။ 

MHAC အဖွဲ့ အနေနဲ့လည်း  နစ်နာသူ မြန်မာအလုပ်သမား အမျိုးသမီးထံ သွားရောက်အားပေးကာ အကူအညီတောင်းခံမှုကို လက်ခံခဲ့ပြီး ထိုင်းအလုပ်သမားဥပဒေအတိုင်း ကူညီဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ 

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025