NEWS

လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ပြတ်သွားသည့် မြန်မာအလုပ်သမားအား အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့် တိုင်ကြား

CoverLogo
409 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် လယောင်မြို့ရှိကားတာယာစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော pj ပတ်စပို့ကိုင်ဆိုင်ထားသော ကိုအောင်ကိုဝင်းသည်လုပ်ငန်းခွင်အတွင်းမတော်တဆဖြစ်ကာ ဘယ်ဘက်လက် လက်ကောက်ဝတ်အထိဖျက်ပစ်လိုက်ရသော်လည်းစက်ရုံဘက်မှနစ်နာကြေးပေးရန် တာဝန်ယူမှုတာဝန်ခံမရှိသောကြောင့်လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
မြန်မာ(PJ)အလုပ်သမားကိုအောင်ကိုဝင်းသည်အဆိုပါစက်ရုံတွင်အလုပ်လုပ်သက် သုံးနှစ်ခန့်ကြာပြီဖြစ်ပြီး (၇ ၊ ၄ ၊ ၂၀၂၅)ရက်နေ့မနက် ၈ နာရီ အချိန်ခန့်တွင် အလုပ်လုပ်နေရင်း တာယာကြိတ်သည့်စက်နှင့် အင်္ကျီစငြိရာမှ ဘယ်ဘက်လက်စက်ထဲသို့ကြိတ်မိသွားခြင်းဖြစ်ကာ အဆိုပါအခင်းဖြစ်ပွားပြီးနောက် ချွန်ပူလိမြို့ရှိ ဝိဖာလမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း မနက် ၈ ခွဲ အချိန်တွင် ၎င်း၏ဘယ်ဘက်လက် လက်ကောက်ဝတ်အထိ ဖျက်ပစ်လိုက်ရခြင်းဖြစ်ကြောင်းသိရပါတယ်။
 
ကိုအောင်ကိုဝင်း၏ဆေးရုံတွင်ငါးရက်တာ ဆေးကုသမှုကုန်ကျစရိတ်ကို ပကန်စခွန်ရှိသော်လဲ သုံးမရဘူးဆိုကာ သူဌေးကစိုက်ရှင်းပေးထားသည်ဟုဆိုပြီး ဆေးရုံဆင်းပြီး နောက် အလုပ်နားနေသည့်အချိန်တွင် စက်ရုံဘက်မှမည်သည့်ထာက်ပံ့ကြေးပေးခြင်းမှမရှ်ိတော့ကြောင်းသိရပါတယ်။
 
"ပကန်ရှိပေမဲ့သူဌေးကဆေးကုသမှုတွေကိုပန်ကန်နဲ့မကုပေးတာ။သဌေးအပေါ်မူတည်တာပေါ့သူဌေးဘက်ကလုပ်မပေးတဲ့အပိုင်းဖြစ်တာပေါ့။အခုလက်ရှိကတော့အမှုရင်ဆိုင်ဖို့သူ့ကိုကျွန်တော်တို့ရုံးခေါ်လာတာပါ။တာဝန်ယူမှုကတော့သူဌေးဘက်ကဘာမှမပြောဘူး။ပကန်ကိစ္စမှာဘဲစကားပြောထားတာ ပကန်ရုံးနဲ့ဘဲသွားရမှာပေါ့"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
ကိုအောင်ကိုဝင်း၏ ဆုံးရှုံးနစ်နာမှုနှင့်ပတ်သက်ပြီး နစ်နာကြေးပေးရန် စက်ရုံဘက်မှတာဝန်ယူမှုမရှိသောကြောင့် ၎င်း၏ရသင့်ရထိုက်သည့်နစ်နာကြေးပြန်လည်ရရှိရန်အတွက်ကူညီဆောင်ရွက်ပေးပါရန်အကူအညီတောင်းခံလာသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှအောက်တိုဘာ၃ရက်နေ့တွင်အ လုပ်သမားနှင့်သွားရောက်တွေ့ဆုံခဲ့ပြီးနယ်မြေခံပကန်စခွန်ရုံးသို့ သွားရောက် ကူညီဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။
 

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026