NEWS

လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်တဖက်ဆုံး ရှုံးသွားတဲ့ အလုပ်သမားကို အလုပ်မှထုတ်ပယ်လို့ အကူအညီတောင်းခံ

CoverLogo
371 Views
 
ထိုင်းနိုင်ငံနခွန်ပထုံမြို့နယ်၊ ဘန်လင်တွင်ရှိသော (ကြက်မွေးမြူရေးလုပ်ကိုင်နေတဲ့ မြန်မာလုပ်သမား တစ်ဦး မှာ လုပ်ငန်းခွင် မတော်တဆ မှုကြောင့် လက်တစ်ဖက်လုံးအရင်းကနေ ဖြတ်ပစ်လိုက်ရပေမယ့် လုပ်ငန်းရှင်က ထိုက်သင့်တဲ့ နစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ် လိုက်တယ်လို့ မြန်မာအလုပ်သမား အရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။
CI စာအုပ်ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ကို-- မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ စက်ရုံတွင်းအ လုပ် လုပ် နေချိန် သယ်ယူရွေ့လျားစက်အတွင်း လက်တစ်ဖက်လုံးလိမ့်ဝင်သွားကာ လက်တစ်ဖက်လုံးအရိုးများကြေမွသွားခဲ့တယ်လို့ဆိုပါတယ်။
အခင်းဖြစ်ဖြစ်ချင်း မှာ နခွန်ပထုံဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမှုခံခဲ့ပေမယ့် လက်ဒဏ်ရာ အလွန်ပြင်းထန်တဲ့ အတွက် လက်မောင်အရင်းကနေဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
ဆေးရုံမှာ (၁)ပတ်ကြာထိဆေးကုသမှုခံယူပြီး ဆေးကုသစရိတ်များကို စက်ရုံမှကုန်ကျခံပေးခဲ့ပြီးဆေးရုံ ဆေးချိန်မှ တစ်လ အကြာ အထိ အလုပ်အနားပေးခဲ့တယ်လို့ ဆိုပါတယ်။
နားရက် တစ်လပြည့်တဲ့အခါမှာ အလုပ် ပြန် ဝင်လုပ်ရပြီး နောက် ၂လ အကြာ မှာတော့ စက်ရုံ သူဌေးက ၎င်းကို နစ်နာကြေးအဖြစ် ဘတ် (၁၅၀၀၀၀ ) ပေးမယ် ဟုပြောကာ အလုပ်မှအပြီးတိုင် နားခိုင်းလိုက်တယ်လို့ သိရပါတယ်။
အခုလို ထိုက်သင့်တဲ့ နစ်နာကြေး မပေးဘဲ အလုပ်ကရပ်နားခံရတဲ့ အတွက် ကျေနပ်မှု မရှိတာကြောင့် ၎င်း ရသင့်ရထိုက်တဲ့ နစ်နာကြေး ရရှိဖို့ မြန်မာအလုပ်သမား ဟာ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းလာတာ ဖြစ်ကာ WAGအဖွဲ့ အနေနဲ့ လည်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026