ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြိုSKY (သံရုံ)မှာ အလုပ် လုပ်ကိုင်နေတဲ့မြန်မာလုပ်သမား (၃)ဦး မှာ လုပ်ငန်းခွင် အတွင်း မတော်တဆထိခိုက်မှုကြောင့် မျက်လုံးကွယ်သည်အထိ ဖြစ်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က နစ်နာကြေးမပေးဘဲ တာဝန်ယူမှုမရှိဘူးလိုထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲထံကသိရပါတယ်။
၎င်းတို ၃ ဦး မှာ SKY သံရုံ မှာ လုပ်နေစဉ် အလုပ်ချိန်အတွင်း နံရံကိုသံရိုက်ရာမှာ သံစလွင့်ထွက်ပြီးမျက်လုံးကို လာမှန်ရာမှ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ် လိုဆိုပါတယ်။
အခုလို ထိခိုက်ခဲ့တဲ့ အတွက် မြန်မာအလုပ်သမားဖြစ်သူ ကိုဖြိုးကိုကိုအောင်(CI)စာအုပ်ရှိသူနဲ့ကိုရှင်းထက်နိုင်မင်း(အထောက်အထားမရှိ)သူတိုမှာ ညာဘက်မျက်လုံး တွေ ထုတ်ပစ်လိုက်ရပြီး ကိုတင်ဇာ်ဦး(CI)စာအုပ်ရှိသူမှာ ဘယ်မျက်လုံး ထိခိုက်မိပြီး မျက်စီအမြင်အာရုံကွယ်သွားတယ်လို သိရပါတယ်။
အဆိုပါ ၃ ဦးစလုံးရဲ့ ဆေးကုသစရိတ်ကို ပကန်စံခွန်(လူမှုဖူလုံရေး)ဖြင့်ရှင်းထားကာ ဆုံးရှုးနစ်နာမှု အတွက်ကိုတော့ စက်ရုံမှတာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့ အတွက် စက်တင်ဘာ၂၃ ရက်နေ့မှာ WAG -အလုပ်သမား မဟာမိတ် ထံ အကူညီတောင်းခံလာတယ်လို သိရပါတယ်။
လုပ်ငန်းခွင် မတော်တဆ မှုကြောင့် ထိခိုက် ဆုံးရှုးနစ်နာခဲ့တဲ့ မြန်မာအလုပ်သမား ၃ဦး ရဲ့ ရသင့် ရထိုက်သည့် နစ်နာကြေးများပြန်လည်ခံစားနိုင်ရန်အတွက် WAG -အလုပ်သမား မဟာမိတ်အဖွဲက ဖြေရှင်းပေးသွားမယ်လိုသိရပါတယ်။