NEWS

လုပ်ငန်းခွင်မတော်တဆကြောင့် လက်ပြတ်သွားသော အလုပ်သမားအားနစ်နာကြေးမပေးဘဲ မြန်မာပြည်ပြန်ခိုင်းလို့ အကူအညီတောင်းခံ

CoverLogo
277 Views
 
ထိုင်းနိုင်ငံ ၊ ချွန်ပူလီမြို့ရှိ (ဆောက်လုပ်ရေးလုပ်ငန်း) လုပ်ကိုင်နေသောမြန်မာ(MOU)ကိုင်ဆောင်ထားသော အလုပ်သမား ကိုစိန်လင်းသည် မတော်တဆဖြစ်ပြီး သံမူလီလိုင်းဖော်သည့် စက်ထဲသို့လက်ညပ်ကာ ဘယ်ဘက်လက်တံတောင်ဆစ်အောက်ခြေအထိဖြတ်လိုက်ရသော်လည်း သူဌေးမှနစ်နာကြေးမပေးဘဲ မြန်မာပြည်ပြန်ဖို့အတွက် လေယာဥ်လက်မှတ်ဝယ်ပေးကာပြန်ခိုင်းသဖြင့် ရသင့်ရထိုက်သည့်နစ်နာကြေးပြန်လည်ရရှိရန်အတွတ် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာကြောင်းသိရပါတယ်။
 
"သူဌေးကတာဝန်ယူမှုမရှိပါဘူး။လေယာဥ်လက်မှတ်ဝယ်ပြီးမြန်မာပြည်ပြန်ပို့တာပါ။အဲ့ဒါကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကိုကျွန်တော်တို့က ကိုအကူအညီတောင်းဆိုတာပါ”လို့ကိုစိန်လင်းကပြောပါတယ်။
 
ကိုစိန်လင်းသည်အဆိုပါဆောက်လုပ်ရေးလုပ်ငန်းတွင်လုပ်ကိုင်နေသည်မှာနှစ်နှစ်ကျော်ပြီဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီ အချိန်တွင် သံမူလီလိုင်းဖော်သည့်စက်ထဲသို့ အင်္ကျီစဝင်သွားခဲ့ပြီး ဘယ်ဘယ်လက် တံတောင်စစ်အောက်ထိ စက်ထဲသို့ညပ်ပါသွားခြင်းဖြစ်ပါတယ်။
 
အဆိုပါအခင်းဖြစ်ပွားပြီးနောက် အလုပ်ဆိုက်နှင့်နီးသော ဆေးခန်းတွင် လိုအပ်သည့် ဆေးများထည့်ပေးပြီး ၁၂ နာရီ ဝန်းကျင်ခန့်တွင် ချွန်ပူလီဆေးရုံကြီးသို့လွှဲပြောင်းခဲ့ပါတယ်။
 
ဆေးရုံသို့ရောက်သောအခါ ဘယ်ဘက်လက်တံတောင်ဆစ်အောက်ခြေအ ထိဖြတ်ပစ်လိုက်ရပြီး ပေါင်မှအသားနှင့် အစားထိုးဆေးကုသမှုခံယူခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။
 
ကိုစိန်လင်းသည်ချွန်ပူလီဆေးရုံကြီးတွင် ၃၂ ရက်ကြာဆေးကုသမှုခံယူပြီး ဆေးရုံံ၏ ကုန်ကျစရိတ်များကို အလုပ်ရှင်သူဌေးမှရှင်းပေးခဲ့ပြီး အလုပ်ဆိုဒ်မှာအယုဒ္ဓယသို့ပြောင်းသွားခဲ့ပြီးနောက် အလုပ်ဆိုက်နှင့်နီးရာ ဆေးခန်းတွင် အနာကိုတစ်ရက်တစ်ခါ ၂၀ ရက်ကျော် ဆေးကြောပေးခဲ့ကြောင်းသိရပါတယ်။
 
ကိုစိန်လင်း၏ ဆုံးရှုံးနစ်နာမှုအပေါ် ရသင့်ရထိုက်သင့် နစ်နာကြေးတောင်းဆိုသော်လည်းသူဌေးမှ ဆေးကုသမှုစရိတ်နှင့်လုပ်အားလစာ (၁၄ )ရက်စာပေးထားသောကြောင့် နစ်နာကြေးအား ဘောဒိစပ်အလုပ်ရှင်သူဌေးထံ တောင်းပေးမည်ဟုသာပြောဆိုခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့တွင် နစ်နာကြေးမပေးသည့်အပြင် မြန်မာပြည်ပြန်ဖို့အတွက် လေယာဥ်လက်မှတ် အတွက် အောက်တိုဘာ ၆ ရက်နေ့တွင် ရန်ကုန်လေဆိပ်ကို ဖျက်ထားပေးသည်ဟု စကားပြန်မှတစ်ဆင့်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
 
"သူဌေးက သူ့ကိုမြန်မာနိုင်ငံပြန်ပို့မယ် လက်ရှိသူ့ကို ဘတ်ဖိုးတွေဖြတ်ထားတာလည်းရှိတယ်။အဲ့ဒါကိုကျွန်တော်တို့ဘက်ကလက်ခံမပေးနိုင်တဲ့အတွက် သူ့သူဌေးကိုစကားပြောတာပေါ့။သူဌေးကလက်မခံတဲ့အတွက် နယ်မြေခံရုံးကိုအမှုဖွင့်ဖို့လုပ်ထားပါတယ်။သူ့သူဌေးကဖိုးလက်မောင်းသူဌေး သူက ဘော်ဒီစပ်ကပေးတာမဟုတ်ဘူးသူကပေးတာပေါ့ အဲ့ဒါပေးပြီးမြန်မာနိုင်ငံပြန်ဖို့ဆိုပြီးလေယာဥ်လက်မှတ်​ေတွပါဖြတ်ပေးထားတာ”လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
ကိုစိန်လင်း၏ ရသင့်ရထိုက်သည့်နစ်နာကြေးပြန်လည်ရရှိရန်အတွတ် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026