NEWS

လုပ်ငန်းခွင်ထိခိုက်မှုအတွက် ဖူလုံရေးစရိတ်ထုတ်ယူရာမှာ သတ်မှတ်ချက်တွေကြောင့် နစ်နာမှုဖြစ်ပေါ်နေ

CoverLogo
119 Views

လူမှုဖူလုံရေး ဥပဒေအရ ဖူလုံရေးကြေး ထည့်ဝင်ပေးသွင်းထားတဲ့ လုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပေါ်ပါက ဖူလုံရေးစရိတ်ကိုတောင်းခံနိုင်ပြီး အလုပ်သမားရဲ့ထိခိုက်မှုအခြေအနေနဲ့ တစ်လစာလုပ်ခ လစာအပေါ်မူတည်ပြီး လစာရဲ့၇၀ ရာခိုင်နှုန်းကို ထိခိုက်မှုအတွက် ကုသမှုမပြီးမချင်း ထုတ်ပေးလျှက်ရှိနေကြောင်း အသိပေးထားပေမဲ့ အမှန်တကယ်မှာတော့ သတ်မှတ်ချက်တွေကြောင့် အလုပ်သမားက ခံစားခွင့် မရရှိတာနဲ့ ရရှိတဲ့အခါမှာလည်း  ကြန့်ကြာမှုတွေရှိနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ််။

အာမခံလုပ်သားတွေ  လုပ်ငန်းခွင်ထိခိုက်မှုမှာ - ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် နဲ့  အမြဲတမ်းမသန်စွမ်းဖြစ်မှု ငွေကြေးအကျိုးခံစားခွင့်ဆိုပြီး အခြေအနေ ၂မျိုးရှိရာ  ယင်းအခြေအနေ ၂မျိုးအတွက်  ဖူလုံရေးခံစားခွင့်ကိုတောင်းခံရာမှာလည်း အခြေအနေတစ်ခု ချင်းအလိုက် အထောက်အထားများနဲ့တောင်းခံရမယ်လို့သိရပါတယ်။

လုပ်ငန်းခွင်ထိခိုက်မှု အရ ယာယီမသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်တောင်းရာတွင် လိုအပ်တဲ့အထောက်အထားတွေအနေနဲ့ (၁) အလုပ်တွင်ထိခိုက်မှုအစီရင်ခံစာ ပုံစံ (၃၆, ၃၇)ကို ထိခိုက်မှုဖြစ်ပြီး ၂၄နာရီအတွင်း တင်ပြရန် ၊ (၂) ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်တောင်ခံလွှာ( ပုံစံ ၃၉) ၊(၃) သက်ဆိုင်ရာ ဆရာဝန်မှ ဆေးကုသမှုပေးထားသည့် ယာယီမသန်စွမ်းမှု ဆေးလက်မှတ် နဲ့ ငွေထုတ်ယူချိန်မှာ လူမှုဖူလုံရေးအာမခံစီစစ်ရေးကတ်ပြားနဲ့ထုတ်ယူလိုသူရဲ့မှတ်ပုံတင်မူရင်း တို့ လိုအပ်ပါတယ်။

နောက်ထပ် လုပ်ငန်းခွင်ထိခိုက်မှု အခြေအနေတစ်မျိုးဖြစ်တဲ့ အမြဲတမ်းမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်တောင်း ရာမှာ လိုအပ်တဲ့အထောက်အထားတွေကတော့ (၁) အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်တောင်းဆိုလွှာပုံစံ-၄၀ ၊ (၂) ဆရာဝန် ရဲ့ နောက်ဆုံးဆေးခွင့်ပေးထားတဲ့ ဆေးစာ ၊(၃) လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်း အတည်ပြု သတ်မှတ်အကြောင်းကြားစာ နဲ့နဲ့ ငွေထုတ်ယူချိန်မှာ လူမှုဖူလုံရေးအာမခံစီစစ်ရေးကတ်ပြားနဲ့ထုတ်ယူလိုသူရဲ့မှတ်ပုံတင်မူရင်း တို့ လိုအပ်ပါတယ်။

"လုပ်ငန်းခွင်ထိခိုက်မှုအတွက်က ထိခိုက်မှုဖြစ်ဖြစ်ချင်း ၂၄နာရီအတွင်းအကြောင်းကြားရမယ် ဆိုတာက နည်းနည်းတော့ အခက်ခဲရှိတယ်။ ထိခိုက်မှုဖြစ်တဲ့သူက ကုသမှုကိုအရင်လုပ်နေတော့ အကြောင်းကြားဖို့တော်ရုံဆိုမေ့တတ်ကြတယ်။ အဲ့ဒါလေးတော့ဖူလုံရေးဘက်ကစဉ်းစားပေးစေချင်တယ်။ ထိခိုက်မှုအတွက်က လုပ်ငန်းစဉ် မြန်ရင်မြန်သလို ၂ပတ်အတွင်းစရိတ်ကိုထုတ်နိုင် မယ်။ အချို့နှစ်တွေလတွေ အရမ်းကြာနေတာက တစ်ခုခုကြောင့် ကြန့်ကြာနေတာဖြစ်မယ်လို့ အာမခံလုပ်သားတွေ စရိတ်ပြန်ထုတ်သူတွေဆီကနေကြားနေရတာတွေရှိတယ်။ ပြည်တွင်းမှာ ဖူလုံရေးအာမခံထည့်ထားတဲ့လုပ်သားက ၂ သန်းကျော်ရှိတယ်ဆိုပေမယ့် တစ်ကယ့်စရိတ်ထုတ်ပြန်ထုတ်ပေးရတဲ့လုပ်သားက ၃ ထောင်ခန့်ပဲရှိတယ်လို့လည်းသိထားရတော့ လုပ်ငန်းခွင်ထိခိုက်မှုကိစ္စတွေမှာတော့ ဖူလုံရေးစရိတ်ကို အမြန်ဆုံး ရကြစေချင်တယ်လို့"ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှ ဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အာမခံလုပ်သားတစ်ဦးကပြောထားပါတယ်။

လုပ်ငန်းခွင်ထိခိုက်မှုအာမခံ စရိတ်ကို လူမှုဖူလုံရေးဌာနက ထုတ်ပေးရာမှာ ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ငန်းခွင်ထိခိုက်မှုတွေအတွက် အမှု ၃၂၅မှုကျော်ကို ငွေကျပ်သန်းပေါင်း ၁၆၀၀ အထိ အာမခံအလုပ်သမားတွေအတွက်ခွင့်ပြုထုတ်ပေးထားတယ်လို့ လူမှုဖူလုံရေးဌာနက ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
လူမှုဖူလုံရေးအာမခံအကျုံးဝင်လုပ်သားတွေအတွက်  ဖခင်ဖြစ်ခွင့်အကျိုးခံစားခွင့်ကို ရရှိမှုမရှိသလောက်ဖြစ်နေ
Jul 22, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမား မီးဖွားခွင့်ဆိုင်ရာ ဖူလုံရေးထောက်ပံ့ငွေ ခံစားခွင့်ထုတ်ယူရာမှာအခက်အခဲများရှိနေ
Jul 19, 2024
Cover
လူမှုဖူလုံရေး အကျုံးဝင်လုပ်သားတွေအတွက် ဆေးကုသခွင့်ကို နည်းလမ်း ၃ မျိုးနဲ့လုပ်ဆောင်နေဟုဆို
Jul 17, 2024
Cover
ဆေးကုသမှုအကျိုးခံစားခွင့်ကို လူမှုဖူလုံရေး မှတ်ပုံတင်တဲ့အချိန်ကစပြီးခံစားခွင့်ရရှိနိုင်
Jul 16, 2024