NEWS

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ပြတ်သွားသောမြန်မာလုပ်သားနှစ်ဦးလျော်ကြေးငွေရရှိရေးတိုင်ကြား

CoverLogo
369 Views
 
 
ထိုင်းနိုင်ငံခိုလမြို့တွင်ရှိသော(အိုင်ဖစ်ရေသန့်စက်ရုံ)နှင့်ချွန်ပူလီခရိုင်စီလာချာမြို့တွင်ရှိသော (ကားဂျိုင့်ပစ္စည်းစက်ရုံ)တွင်လုပ်နေသောမြန်မာလုပ်သားနှစ်ဦးသည် လုပ်ငန်းခွင်ထိခိုက်မှုကြောင့်လက်ပြတ်သွားကြသော်လည်း လုပ်ငန်းရှင်များမှတာဝန်ယူမှုမရှိသဖြင့် လျော်ကြေးငွေရရှိရန် WAG မဟာမိတ်အဖွဲ့သို့အကူအညီတောင်းခံလာကြောင်းသိရပါတယ်။
 
ထိုင်းနိုင်ငံ၊ ခိုလမြို့တွင်ရှိသော ထိုင်းလုပ်ငန်းရှင်ပိုင် (အိုင်ဖစ်ရေသန့်စက်ရုံ)တွင် အလုပ်လုပ်နေသော မြန်မာ (MOU) အလုပ်သမား မဝင်းဝင်းအေးသည်အဆိုပါစက်ရုံတွင်အလုပ်လုပ်နေသည်မှာတစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ဇွန်လ၂ရက်နေ့မွန်းလွဲနှစ်နာရီတွင် ရေသန့်ကိုင်သည့် စက်တွင် ရေဘူးခွံပါသဖြင့် လှမ်းကောက်လိုက်ရာမှ စက်လည်သည်နှင့် ဘယ်ဘက်လက်နှင့်ဆံပင်များညပ်ပါသွားခဲ့ခြင်းဖြစ်ပါတယ်။
 
အဆိုပါအခင်းဖြစ်ပွားပြီးချင်း ခိုလ​မြို့ရှိ မဟာလဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူရင်း ညဘက်အချိန်တွင်လက်ကိုတံတောင်ဆစ်အပေါ်မှဖြတ်ပစ်လိုက်ရတာဖြစ်ပါတယ်။
 
မဟာလဆေးရုံတွင် (၁၅) ရက်ကြာဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်းချိန်တွင် ဆေးကုသမှုစရိတ်များကို စက်ရုံသူဌေးမှ ကုန်ကျခံရှင်းပေးခဲ့ပြီး နောက်ပိုင်းအလုပ်နားနေချိန်တွင် စက်ရုံမှမည်သည့်ထောက်ပံ့ငွေမှမပေးသည့်အပြင် ဆုံးရှုံးသွားသည့်အပေါ် တာဝန်ယူမှုတာဝန်ခံမှုမရှိကြောင်းသိရပါတယ်။
 
"ကောင်မလေးက MOU နဲ့တက်လာတာဘဲ။ သူတို့သူဌေးကပကန်ကြေးတွေဖြတ်ထားတယ်။ဒါပေမဲ့ဒီအလုပ်သမားရဲ့ပကန်ကြေးက ရုံးမှာရှိမနေဘူး။ထိုင်းနိုင်ငံမှာဥပဒေတစ်ခုရှိတယ်။လုပ်ငန်းခွင်မှာထိခိုက်နစ်နာသွားပြီ ကိုယ်လက်အစိတ်အပိုင်းဆုံးရှုံးသွားပြီဆိုအမှုတော့ရင်ဆိုင်ရမယ်။သူတို့သူဌေးကပကန်ရုံးကိုလည်းဖြစ်တယ်ဆိုတာဘဲကျန်းထားတာရှိတာ ဖြစ်လာမဲ့စာရွက်စာတမ်းတွေကိုဘာမှမသွင်းထားဘူး"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလာချာမြို့တွင်ရှိသော တရုတ်နိုင်ငံသားပိုင် (ကားဂျိုင့်ပစ္စည်းစက်ရုံ)တွင်အလုပ်လုပ်နေနေသောမြန်မာ(PJ)အလုပ်သမားကိုမိုးထက်သာသည်အဆိုပါစက်ရုံမှာအလုပ်လုပ်နေတာတစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ဇွန်လ၆ရက်နေ့ညနေ လေးနာရီတွင် လုပ်ငန်းခွင်အတွင်းစက်ချို့ယွင်းမှုဖြစ်ပြီး ညာဘက်လက်ညိုးနှင့်လက်ခလယ်ကို အရင်းမှဖြတ်လိုက်ရပြီးလက်သန်းကြွယ်နှင့်လက်သန်းမှာကွေးသွားခဲ့ခြင်းဖြစ်ပါတယ်။
 
အဆိုပါလက်ချောင်းများဆုံးရှုံးရသည့်အပေါ် လုပ်ငန်းရှင်ဘက်မှတာဝန်ယူမှုမရှိသောကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့သို့အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"ဆေးရုံရဲ့စာရွက်စာတမ်းတွေတောင်းနေပြီ ပြီးရင်ထိုင်းသက်ဆိုင်ရာရုံးတွေကိုလည်းအကြောင်းကြားထားပါတယ်။သူသူဌေးကမြန်မာပြည်သားတွေဖြစ်တော့တစ်လနှစ်လလောက်တော့ထောက်ပံ့ပေးတာပေါ့နောက်ပိုင်းကြဘာမှမကူညီမထောက်ပံတော့ဘူး"လို့ကိုမုန်တိုင်းကပြောပါတယ်။
 
ထိုင်းရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လုပ်ငန်းခွင်အတွင်းထိခိုက်မှုရှိပါက အလုပ်သမားအရေးကူညီဆောင်ရွက်နေသည့်အဖွဲ့အစည်းများ စကားပြန်များကိုဆက်သွယ်ရန်လိုအပ်ပြီး စက်ရုံမှစေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးလက်မှတ်မထိုးရန်လိုအပ်ကြောင်း ကိုမုန်တိုင်းကပြောပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026