NEWS

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ

CoverLogo
437 Views
 
ထိုင်းနိုင်ငံ ၊ နကော့ပထုံမြို့နယ်၊ ဘန်းလင်ရှိ ငရုတ်သီးမှုန့်ထုပ်လုပ်သည့်စက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မ --- သည် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ဘယ်ဘက်လက်မပြတ်သွားပြီး ၊ နစ်နာကြေး ရရှိရန် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
မ---- သည်လုပ်ငန်းခွင်အချိန်၌ အလုပ်လုပ်နေစဥ် စက်ကိုသန့်ရှင်းရေးလုပ်ရာ စက်မှရုတ်တရက်ထလည်လာပီး မိမိ၏လက်နှင့်စက်သွားထိမိကာ ဘယ်ဘက်လက်မ အရင်းထိပြတ်သွားရခြင်းဖြစ်ပြီး သူဌေးဖြစ်သူမှ ပကန်စန်ခွန် ( လူမှုဖူလုံရေး) ကိစ္စကို လိုက်ပါဆောင်ရွက်ပေးခြင်းမရှိသောကြောင့် WAG အလုပ်သမားမဟာမိန်အဖွဲ့သို့အကူအညီတောင်းခံခဲ့တာပါ။
 
WAG အနေနဲ့ စက်တင်ဘာဘာ ၅ ရက်မှာ အလုပ်သမားနှင့်အတူ မြို့နယ်ပကန်စံခွန်ရုံးကို သွားရောက်အကြောင်းကြားပီး စက်တင်ဘာ၁၁ရက်တွင် ဆုံးရှုံးသွားသောလက်မအရွယ်အစားအား နကော့ပထုံဆေးရုံးကြီး၌ တိုင်းထွာခဲ့ပြီး နစ်နာကြေးရရှိရန် ပကန်စန်ခွန်ရုံးသို့တင်ပြခဲ့ကြောင်းသိရပါတယ်။
 
"နစ်နာကြေးနှစ်သိန်းကိုသောင်းဘတ်ကျော်ရရှိပါတယ်။WAG အဖွဲ့ကိုကျေးဇူးတင်ပါတယ်။WAG အဖွဲ့ရုံးရေရှည်ရပ်တည်ရေးအတွက်လည်း ဘတ်ငွေတစ်သောင်းပြန်လှူပါတယ်"လို့ မ --- ကပြောပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026