NEWS

လုပ်ငန်းခွင်တွင်းမတော်တဆမှုကြောင့်လက်ပြတ် သွားသည့် မြန်မာအမျိုးသမီးအလုပ်သမား၏ နစ်နာမှုအတွက်တိုင်ကြား

CoverLogo
330 Views
 
ထိုင်းနိုင်ငံ လှချ်ဘူလိခရိုင်၊ ဒန်ထက်တကိုမြို့၊ ချောင်ဘိန်ကျေးရွာ တွင်ရှိသော ထိုင်းလုပ်ငန်းရှင်ပိုင် သစ်လုပ်ငန်းတွင်အလုပ်လုပ်နေသော မမိုးသန္တာလွင်သည် သစ်လုံးအမှုန့်ကြိတ်စက်တွင် စက်ညှပ်မိပြီး ညာဘက်လက်ပြတ်သွားကာ နစ်နာခဲ့ရမှုအပေါ် သက်ဆိုင်ရာ ဌာနကို တိုင်ကြားသွားမယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
မြန်မာ (CI)အလုပ်သမား မမိုးသန္တာလွင်သည်အဆိုပါအလုပ်တွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ဇူလိုင်၂၂ရက် နံနက် ၈:၃၀ ခန့်တွင် သစ်လုံးကြီးများကို အမှုန့်ကြိတ်နေရာ သစ်လုံးငယ်တစ်ခုရောပါသွားသဖြင့် သံချောင်းနှင့် လှမ်းထုတ်လိုက်ရာ အင်္ကျီစဖြင့် ချိတ်မိကာ ညာဘက်လက်ကြိတ်မိသွားပြီး အခင်းဖြစ်သည့်နေရာတွင် ပြတ်ထွတ်သွားခဲ့ခြင်းဖြစ်ပါတယ်။
 
"သူဌေးကနစ်နာကြေးမပေးဘူးဆိုတော့ WAG ကိုအကူအညီလှမ်းတောင်းကြည့်တာပါ။သူဌေးကဘာ
တာဝန်ယူမှုတာဝန်ခံမှုမှလဲမရှိဘူး"လို့ မမိုးသန္တာလွင်ကပြောပါတယ်။
 
အခင်းဖြစ်ပွားပြီးနောက် လှချ်ပူလိဆေးရုံကြီးသို့ပို့ဆောင် ဆေးကုသမှုခံယူ​ပြီးလက်ကိုပြန်ချုပ်ထားပေးခဲ့ပြီး ဇူလိုင် ၂၇ရက်တွင် ဆေးရုံဆင်းပြီး ဆေးကုသမှုစရိတ်ကို ပကန်စခွန်မရှိသောကြောင့် စက်ရုံမှသူဌေးမှရှင်းပေးခဲ့ပြီး ဆေးရုံမှဆင်းပြီးဆေးခွင့်ဖြင့်နားနေသည့်ကာလတွင် စက်ရုံဘက်မှ မည်သည့်ထောက်ပံ့ကြေးမှမပေးသည့်အပြင် ဆေးရုံမှပေးသည့်စာရွက်စာတမ်းများကိုလည်းသိမ်းဆည်းထားကြောင်းသိရပါတယ်။
 
"သူကပန်းရောင်ကတ်ဘဲရှိတယ်။ပကန်စခွန်မှာ သူဌေးကဘာမှမလုပ်ထားဘူး ။အလွတ်ဘဲထားထားတော့ အမှုရင်ဆိုင်ရဖို့များတာပေါ့။မပြည့်စုံတော့ သူဌေးက ပုတ်ထုတ်တာပေါ့။သူဌေးနဲ့ကျွန်တော်တို့မနေ့ကတိုက်ရိုက်စကားပြောတော့ ဒီအလုပ်သမားအတွက်ပကန်စခွန်မှာဘယ်လိုလုပ်ရင်ရနိုင်တယ်။လမ်းကြောင်းတော့ညွှန်ပေးခဲ့တယ်။သူကလာမဲ့ အပါတ်ကိုပြန်ချိန်းတယ်။သူလိုက်လုပ်ပေးကြည့်မယ်ပေါ့။ဒါပေမဲ့အခုတော့သူဌေးဘက်ကလာပေးခြင်းမရှိတဲ့အတွက်အမကိုကျွန်တော်တို့ခေါ်လာပြီး သက်ဆိုင်ရာရုံးတွေမှာတိုင်ကြားပေးသွားမှာပါ"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
ထိုင်းရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လုပ်ငန်းခွင်အတွင်းထိခိုက်မှုရှိပါက အလုပ်သမားအရေးကူညီဆောင်ရွက်နေသည့်အဖွဲ့အစည်းများ စကားပြန်များကိုဆက်သွယ်ရန်လိုအပ်ပြီး စက်ရုံမှစေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးလက်မှတ်မထိုးရန်လိုအပ်ကြောင်း ကိုမုန်တိုင်းကပြောပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026