NEWS

လုပ်ငန်းခွင်ကိုစွန့်ခွာသွားတဲ့အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပယ်ဖျက်‌ ပေးမယ်လို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်

CoverLogo
149 Views

အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို Black Lists စာရင်းကနေ ပယ်ဖျက်‌ ​ဖြေ​ ​လျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ရက်မှာသတင်းထုတ်ပြန် လိုက်ပါတယ်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများကနိုင်ငံ့ဝန်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုး နဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန်ခွာသွားတဲ့ အတွက် သက်ဆိုင်ရာဌာနများ မှာ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျှက်ရှိနေတာကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျှက်ရှိတယ်လို့ စကစရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဆိုပါနစ်နာမှု တွေ ကို ကုစားပေးနိုင် ဖို့ ယင်းဝန်ထမ်း တွေ ကို လုပ်ငန်းခွင်စွန့်ခွာရ တဲ့ အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) ကနေ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။

ဒါကြောင့် အမည်မည်းစာရင်းကနေပယ်ဖျက်လိုတဲ့ ဝန်ထမ်းတွေ အနေနဲ့ ဇူလိုင် ၁၅ရက်က စပြီး သက်ဆိုင်ရာဌာန တွေ ကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်ကြေငြာထားပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းထဲက ၃၁ မြို့နယ်မှာ ညမထွက်ရအမိန့်ထပ်ထုတ်
Aug 31, 2024
Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
စက်ရုံတွေကတဆင့် လုပ်သားစာရင်းကောက်ယူနေမှုအလုပ်သမားများထံအသိမပေး
Aug 30, 2024
Cover
လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ
Aug 29, 2024
Cover
အချိန်ပိုခေါ်ချိန် စစ်ဆေးရေးလာလို့ အလုပ်သမား ၅၀၀ ကျော်ကို ထွက်ပြေးခိုင်း
Aug 28, 2024
Cover
အကန့်အသတ်ဖြင့်သာ ဝယ်ယူသုံးစွဲနိုင်တော့မယ့် စားအုန်းဆီ
Aug 28, 2024
Cover
စစ်မှုထမ်းဥပဒေ ဗန်းပြပြီး ငွေကြေးတောင်းခံမှုတွေကြောင့် သောကပွေနေရ
Aug 26, 2024
Cover
စက်ရုံအလုပ်ရုံများမှ  အလုပ်သမားကိုယ်ရေးအချက်အလက်များကို ယခုလကုန်နောက်ဆုံးထားပေးဖို့ အလည ညွှန်ကြား
Aug 26, 2024