NEWS

လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ

CoverLogo
669 Views

ပြည်တွင်းမှာသတ်မှတ်ထားတဲ့အနည်းဆုံးအခကြေးငွေနှုန်းထားဟာခေတ်ကာလနဲ့ကိုက်ညီမှုမရှိတာကြောင့်အလုပ်သမားတွေစားဝတ်နေရေးပိုမိုခက်ခဲလာပါတယ်။

ပြဌာန်းထားတဲ့ဥပဒေမှာအနည်းဆုံးအခကြေးငွေနှုန်းထားကိုခေတ်ကာလနဲ့ကိုက်ညီအောင်(၂)နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ဖို့ပြဌာန်းထားပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ပြန်လည်ပြင်ဆင်တာမရှိတော့ပါဘူး။

အခုရတဲ့လစာကမငတ်ရုံလေးစားနေရတယ်။အိမ်ကိုပြန်ပို့ရတဲ့သူတွေဆိုထမင်းတောင်နပ်မမှန်ဘူး။အဆောင်ခတွေလည်းဈေးတက်တယ်။နောက်အခုဆိုဧည့်စာရင်းတိုင်ဖို့ကုန်တာတွေ၊ ဘာကြေးတွေမှန်းကိုမသိဘဲပေးရတာတွေပါရှိနေတာ။အခုကဘာဝယ်အရင်ဈေးနဲ့သာမရတာလစာကတော့တက်မလာဘူး။အလုပ်ရှင်တွေကလည်းငြိမ်နေကြတယ်။သူတို့လည်းတစ်နိုင်ငံလုံးကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကိုခံနေရတာသိပေမယ့်လစာတိုးပေးဖို့ကိုအသံမထွက်ဘူး”လို့အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ ပြဌာန်းထားတဲ့ အနည်းဆုံးအခ‌ကြေး‌ငွေဥပ‌ဒေအရ တစ်ရက် (၈) နာရီအလုပ်ချိန်ကို (၄၈၀၀) ကျပ် ပေးချေနေပါတယ်။ ဒီဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားကို ‌နှစ်နှစ်လျှင် တစ်ကြိမ်ခေတ်နဲ့လျော်ညီတဲ့နှုန်းထားဖြစ်အောင် ပြန်လည်ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလုပ်ရှင်တွေပေးချေနေတဲ့နှုန်းထားဟာ (၂၀၁၈) ခုနှစ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနက ၂၀၂၃ခုနှစ် အောက်တိုဘာလကစတင်ပြီး အစိုးရ၊ ပုဂ္ဂလိက အလုပ်သမားတွေကို တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် အပိုထောက်ပံ့ကြေး ကျပ် (၁၀၀၀) တိုးပေးဖို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

"အလုပ်သမားဝန်ကြီးဌာနက လူလည်ကျပြီး အပိုထောက်ပံ့ကြေးဆိုပြီး တစ်နေ့တစ်ထောင် တိုးပေး တယ်။ တကယ်က ကျွန်တော်တို့က အနခကို တရားဝင်ပြောင်းလဲသတ်မှတ်ပေးစေချင်တာပါ။ အခုကျ လူလည်ကျ တာလို့ မြင်တယ်။ တကယ်ဆို ဥပဒေကို လက်တစ်လုံးခြားလုပ်တာပါပဲ"လို့ အခြေခံသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာ‌ဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်း မြင့်တက်လာမှုကို ပြည်သူတိုင်း ခံစားနေရ ပြီး အခြေခံမိသားစုတိုင်း စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြတာပါ။

ဒါကြောင့်လည်း ပြည်တွင်းက အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက အနည်းဆုံးအခကြေးငွေ နှုန်းထားကို ခေတ်နဲ့အညီ ( ၁၀၀၀၀) ကျပ်ထိတိုးမြှင့်ပေးဖို့လိုလားတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews

Photo- အနိမ့်ဆုံးလုပ်ခ တစ်ရက်စာအားတွေ့ရစဥ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026