NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ

CoverLogo
280 Views
 
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နဲ့အဖွဲ့ဝင် ၇ဦး တို့ရဲ့ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁ ရက်နေ့ က ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အာမခံလျှောက်ထားမှုအပေါ်တရား ရုံးက အခုလို ပလပ် လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
 
လာမယ့် စက်တင်ဘာလ ၁၅ ရက်မှာတော့ တရားလိုပြသက်သေများအား စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။
 
အလုပ်သမားရေးလှုပ်ရှားသူဒေါ်မျိုးမျိုးအေးဟာ သွေးတိုးရောဂါနဲ့ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး လတ်တလော မှာ ဆီးချိုနဲ့ပတ်သက်တဲ့ဆေး ဝါးရရှိထားပေမဲ့ နေ့စဉ်ဆီးချိုစစ်ဆေးခွင့်ကိုတော့ မပေးဘူးလို့ဆိုပါတယ်။
 
ဒါ့အပြင် သွားရောဂါနဲ့ပတ်သက်တဲ့ အခြေအနေကိုလည်း ဆိုးရွားစွာခံစားနေရတယ်လို့ STUM ကအသိပေးထားပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင်၂၅ရက်ညပိုင်း က ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သမီးဖြစ်သူအပါအဝင် STUM အဖွဲ့ဝင်တွေ ကို ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
ဩဂုတ်လ ၁၈ ရက်နေ့မှာ ဒေါ်မျိုးမျိုးအေးနှင့် အဖွဲ့ကို ရွှေပြည်သာမြို့နယ် တရားရုံးတွင်ရုံးထုတ်ပြီးနောက် ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM ကထုတ်ပြန်ခဲ့ပါတယ်။

Related posts

Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025