NEWS

Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို

CoverLogo
549 Views
 
ညီမတို့က Max Technology စက်ရုံကပါ။
 
ညီမတို့စက်ရုံမှာက ဖယ်ရီကား အဆင်မပြေပါဘူးရှင့်။ မန်နေဂျာရဲ့ အဖေဖြစ်သူနဲ့ အကိုဖြစ်သူက ကားစီစဉ်သူတွေပါ။
အခု ဖြစ်နေတာက ဖယ်ရီကားက ပုံမှန် အချိန်သတ်မှတ်ပြီး ကြိုပို့လုပ်တာမျိုး မဟုတ်လို့ပါ။
 
ဖယ်ရီက စောလာချင်တဲ့အချိန်လာတယ်၊ နောက်ကျချင်ရင် နောက်ကျပါတယ်။ ကြိုမဲ့ အချိန်ပြောင်းမယ်ဆိုလည်း အသိပေးကြေညာတာမျိုး မရှိပါဘူး။ ကြိုတဲ့ကားစောလာတဲ့နေ့ကျရင်တော့ အလုပ်သမားတွေကို မစောင့်ပါဘူး။
ကားမောင်းရင်လည်း အကြမ်းမောင်းပါတယ်။
 
ရုတ်တရက် ဘရိတ်စောင့်အုပ်တာမျိုး အတင်းထွက်တာမျိုးတွေလည်း လုပ်ပါတယ်။ အလုပ်သမားတွေ အကုန်ကားပေါ်မရောက်ခင်၊ အလုပ်သမားတွေ မကိုင်ရသေးခင် အတင်းမောင်းပါတယ်။
 
အလုပ်သမားတွေ ကားပေါ်မှာလဲကျပြီး ခြေထောက်လက်တွေ ပွန်းပဲ့တာမျိုးတွေ အများအပြားဖြစ်နေတာပါ။ စက်လိုင်းဆရာကိုပြော ပါတယ်၊ မန်နေဂျာကိုပြောလည်း ပြောပါတယ်။ မရပါဘူး။ ပိုဆိုးလာတာပါတယ်။
 
တချိုဆိုကားပေါ်က ပြုတ်ကျပြီး ခေါင်းထိခိုက်တာ၊ ပွန်းပဲ့တာမျိုးအထိ ဖြစ်ပါတယ်။ စက်ရုံကဖယ်ရီကားတွေအများကြီးရှိတဲ့ထဲကမှ မန်နေဂျာ အဖေဆိုနဲ့ အကိုဖြစ်သူကားပဲ အဲလိုတွေဖြစ်တာပါ။ ယခုလ လစာထုတ်ရက် ၅ရက်နေ့မှာဆို လစာကို ၄ နာရီ ၄၀ မှာ ထုတ်ပြီးပါတယ်။ ဖယ်ရီကတော့ ၅ နာရီကျော်မှ ရောက်လာပါတယ်။
 
တချို့ အလုပ်သမားတွေက ကြိုပို့ကားကို မစောင့်နိုင်တော့လို ဘေးတွဲတွေငှား ပြန်ကြရပါတယ်။ တခါတလေ ကားနှစ်စီးကို တစ်စီးထဲပေါင်းပြီး လိုက်ပို့ပါတယ်။ မှန်လုံပေါ်မှာ အလုပ်သမားတွေ ကျပ်နေတော့ အပေါက်ဝထိစီးလို့ ဆိုပြီး မန်နေဂျာအဖေဖြစ်သူက ရိုင်းစိုင်းစွာ ဆဲပါတယ်။
 
ညပြန်ချိန်ဆိုရင်လည်း ကြိုပို့ကားက နောက်ကျတာများ ပါတယ်။ စက်ရုံမှာ WCC အဖွဲ့ရှိပေမဲ့ ဘာတခုမှ လုပ်ပေးတာမျိုးမရှိပါဘူး။ WCCအဖွဲ့ကိုလည်း စက်ရုံက ဆရာကိုယ်တို ဖွဲ့ထားတာပါ။ စက်ရုံက တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမြိုနယ်(၇၄ ကားမှတ်တိုင်)အနီးမှာပါ ။
 
ညီမတို့က မိန်းကလေးတွေမို့ တော်တော်ခက်ခဲလို့ပါ၊ ကျေးဇူးတင်ပါတယ် ရှင့်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026