NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို

CoverLogo
309 Views
 
အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ဒေါ်မျိုးမျိုးအေး အပါအဝင် ၈ဦးကို အာမခံပေးမယ့်အဆုံးအဖြတ်ကို စက်တင်ဘာ ၈ ရက်မှာ အမိန့်ချမယ်လို့ ‌‌ သွေးစည်းညီညွတ်‌သောသမဂ္ဂများအဖွဲ့ချုပ်(STUM )ကနေသိရပါတယ်။
 
"စက်တင်ဘာလ (၈)ရက်နေ့ ရုံးချိန်းတွင် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူဒေါ်မျိုးမျိုးအေးနဲ့ ၈ ဦး ကို အာမခံပေးသင့် မပေးသင့် ရွှေပြည်သာတရားရုံးက ဆုံးဖြတ် ကာ အမိန့်ချမှာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေး အနေနဲ့ အကျဉ်းထောင်မှာ ရှိနေစဉ် ဆီးချိုဆေးရရှိပေမယ့် နေ့စဉ် ဆီးချိုစစ်ဆေးခွင့်မရရှိသလို အခြားကျန်းမာရေးအနေနဲ့ သွားမှာ အခြေအနေဆိုးဝါးစွာ ဖြစ်ပွားနေတယ်"လို့ STUM ကသတင်းထုတ်ပြန်ပါတယ်။
 
အာမခံကိစ္စကို ဒေါ်မျိုးမျိုးအေး တို့၈ဦးအတွက် ရှေ့နေကတဆင့် လျှောက်ထားရာမှာ ဥပဒေအရာရှိက ကန့်ကွက်လို့ စက်တင်ဘာ ၁ ရက်ကို ရုံးချိန်ပြုလုပ်ချိန်းဆိုခဲ့ပေမယ့် အာမခံကိစ္စ အဆုံးအဖြတ်မရခဲ့ဘဲ ရုံးချိန်းထပ်မံချိန်းဆိုထားတာလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ညက အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၈ ရက် ညမှာ STUM ရုံးကို ဝင်စီးပြီး သမီးဖြစ်သူမသင်းထက်စံနဲ့ အဖွဲ့ဝင်၊ ဝန်ထမ်း တွေကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၁၀ ဦးကို စစ်ကောင်စီက ခြေချုပ်နှင့် ခံ၀န်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ)နဲ့ သီးခြားစီ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

Related posts

Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026
Cover
Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ
Feb 13, 2026
Cover
Uni-Win Leather စက်ရုံ အမျိုးသား အောစူပါမှ ဆဲဆို ခိုင်းစေ
Feb 13, 2026
Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026