NEWS

Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်

CoverLogo
583 Views
 
လာအို မှာအလုပ်လုပ်ကိုင်နေတာပါ ။
ညီမတို့က Everlao ဦးထုပ်စက်ရုံမှာပါ။
 
Everlao နာမည်တူ အထည်စက်ရုံလည်း ရှိပါတယ်။ ညီမတို့ က ဦးထုပ် စက်ရုံမှာ အလုပ် လုပ်ပါတယ်။ ညီမတို့ လာအိုကို အေဂျင်စီနဲ့ လာပါတယ်။ မြန်မာ အေဂျင်စီက အားထန် ပါ။ လာအိုကိုရောက်ပြီး ၁၁ လရောက်မှာ စက်ရုံဘက်က စာချုပ်ကို စတင်ချိုးဖောက်ပါတယ်။
 
လစာကို လကုန်ပြီး ၁၁ရက်နေ့မှာ ပေးမယ်ဆိုပြီး ပြောင်းပါတယ်။ လက်မှတ်ထိုးခိုင်းပါတယ်။ ထမင်းဖိုးအတွက် တစ်ရက်ကို လာအိုငွေ ၅၀၀၀၀ နှုန်း သက်မှတ်ထားပါတယ်။ အလုပ်မဆင်းရင် မရပါဘူး၊ ဒေးကြေးနဲ့ ထမင်းဖိုးဖြက်ပါတယ်။
 
အဆောင်မှာ ရေပုံမှန်မပေးတော့ဘူး။ ရေတွေဖြတ်ပါတယ်။ ထုတ်ပေးတဲ့ ထမင်းဖိုး ၁၁ ရက်စာကို ရက်ပေါင် အတွက်ဆိုပြီး ပြန်ဖြတ်ပါတယ်။ ထမင်းစားဖို့ မရှိဘူးလိုပြောတော့ ပိုက်ဆံ ချေးငှား စားကြလို့ ပြောပါတယ်။ အဆောင်မှာ မြန်မာအလုပ်သမား ၇၀၀ ကျော် ရှိပါတယ်။
 
ရက်ပေါင်ကြေးက လာအိုကို ရောက်ပြီး ပထမဦးဆုံးလမှာတင် ၈ ရက်စာ ဒေါ်လာ ၄၀ ဖြတ်ယူထားပြီးပါပြီ။ အခု ၁၁ ရက်စာကို ဘာမှမဆိုင်ဘဲ၊ ဘယ်သူ့မှ မပြောဘဲ ဖြတ်တာပါ။ အေဂျင်စီက ပထမတစ်ခေါက်လာ စက်ရုံကိုလာပါ။
မြန်မာသံရုံးက လာစစ်တဲ့ အချိန်မှာပါ။ စက်ရုံနဲ့ အေဂျင်စီပေါင်းပြီး လိမ်ခိုင်းပါတယ်။
 
မူရင်း နိုင်ငံကူးလက်မှတ်၊ မူးရင်ဗီဇာ၊ အားလပ်ရက်ကတ်၊ အလုပ်လိုင်စင်ကတ် ရှိတယ်၊ ကိုင်ထားတယ်ဆိုပြီး လိမ်ခိုင်းပါတယ်။ အခုလည်း သိမ်းထားဆဲပါ။ နိုင်ငံကူးလက်မှတ် စာအုပ်တွေ သိမ်းထားပြီး အပြင်ထွက်ရင် ရဲတွေ ကို သတိထားဖို့၊ အဖမ်းခံရရင် လိုက်မရှင်းပေးဘူးဆိုပြီး စက်ရုံက ပြောပါတယ်။
 
ညီမတို့က တရားဝင် အလုပ်လုပ် နေတာပါ။ အခုတော့ ရဲဖမ်းမှာကို ကြောက်နေပါတယ်။ မြန်မာသံရုံးကလာတော့ သိမ်ထားတဲ့စာအုပ်တွေကို ပြန်ပေးပါတယ်။ ၃ ရက်ကြာပါတယ်။ ပြန်သိမ်းပါတယ်။ ပြီးတော့ အားလုံး မှန်ကန်ကြောင်းနဲ့ အဆင်ပြေကြောင်း လိမ်ညာ ခိုင်းပါတယ်။
 
မလိမ်ရင် မြန်မာပြန်ကို လျှော်ကြေးပေးပြီး ပြန်ရမယ်ဆိုပြီး စက်ရုံက ပြောခဲ့တာပါ။ အလုပ်ချိန် တနေ့ ၁၀ နာရီ လုပ်ပေးရပါတယ်။ အချိန်ပို မပါဘူး။ အလုပ်မရှိရင် ပြန်လွှတ်ပြီး ပိုက်ဆံမပေးပါ။ ပြီးတော့ ပြန်လွှတ်တဲ့ အလုပ်ချိန်တွက် အကြွေးဆိုပြီး အစားထိုးလုပ်ခိုင်းတာပါ။
 
ရောက်စက သန့်ရှင်းရေး ထားပေးပါတယ်။ အခုတော့ ရေတွေမပေးဘဲ အိမ်သာနဲ့ အဆောင်မှာရှိတဲ့နေရာတွေကို သန့်ရှင်းရေး လုပ်ခိုင်းနေပါပြီ။ အိမ်သာတွေ ရေချိုးခန်းတွေ သန့်ရှင်းရေးမလုပ်ရင် အဆောင်မှာမနေနဲ့လို့ မောင်းထုတ်ပါတယ်။ ဒဏ်ကြေး တစ်ခန်းကို ၅သိန်းဖြတ် မယ်ပြောတာပါ။ အဆောင်က ၅ ထပ်ပါ။ တထပ်မှာ ၂၃ ခန်း ရှိပါတယ်။ တခန်းမှာ အလုပ်သမား ၈ယောက် နေရပါတယ်။
 
သန့်ရှင်းရေး လုပ်ခိုင်းပြီး ရေကိုတော့ ဖြတ်ထားပါတယ်။ သက်ဆိုင်ရာလူကြီးမင်းများကို အကူညီတောင်းခံလို ပါတယ်ရှင့် အလုပ်ချိန် တနေ့ ၁၀ နာရီလုပ်ကိုင်နေရပါတယ်။ ၁၀ နာရီလုပ်ကိုင်ရတာ၊ နိုင်ငံကူး လတ်မှတ်စာအုပ် တွေ သိမ်းဆည်းခံရတာ တွေ ဖြေရှင်း‌ ပေးဖို့ပါ။
 
အလုပ်သမားတွေကို အခက်အခဲတွေ ဖြစ်နေတာကို မြန်မာအေဂျင်စီ အားထန် (Ar Htan) ကို အကြောင်းကြားပါတယ်။ ကူညီဖြေရှင်းပေးခြင်းမရှိပါ။ Zero calling ကို ပွဲခ အဆမတန် ယူထားပြီး တာဝန်မဲ့နေပါတယ်။
ဓာတ်ပုံသည် သက်သေပြတွေပါ တင်ပြထားပါတယ်။
 
Myanmar Labour News ကို ကျေးဇူးတင် ပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026