NEWS

လုပ်ခလစာ ၁၄ ဆနီးပါး ကွာဟ​နေလို့ လာအိုနိုင်ငံက အထည်ချုပ်လုပ်ငန်း​တွေကို မြန်မာအလုပ်သမားသွား​ရောက်လုပ်ကိုင်လိုမှုများလာ

CoverLogo
2K Views
 
လာအိုနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာအထိ တိုးမြှင့်ပေးမယ်ဆိုတာကြောင့် ပြည်တွင်းအထည်ချုပ်အလုပ်သမားတွေဟာ လာအိုသို့သွားရောက်လုပ်ကိုင်ဖို့ စိတ်၀င်စားမှုမြင့်တက်လာ တယ်လို့ သိရပါတယ်။
 
လာအိုနိုင်ငံကလုပ်ငန်းရှင်တွေဟာ စက်ရုံတွင်းမြန်မာအလုပ်သမားတွေမှတစ်ဆင့် နီးစပ်ရာကနေလုပ်သား ခေါ်ယူနေတာရှိသလို ပွဲစားတွေကနေတစ်ဆင့်ခေါ်ယူနေတာတွေရှိနေတာဖြစ်ပြီး ယခု အေဂျင်စီတွေကတဆင့် စက်ရုံလုပ်ငန်းတွေအတွက် မြန်မာလုပ်သားခေါ်ယူကာ အလုပ်အကိုင်အေဂျင်စီတွေကနေ စေလွှတ်နေတာတွေလည်းရှိနေပါတယ်။
 
လက်ရှိမြန်မာနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာဟာ ၂၀၁၈ ခုနှစ်ကတည်းကသတ်မှတ်ထားတဲ့ တစ်နေ့လုပ်ခ ၄၈၀၀ ( ၁​ ဒေါ်လာခန့်) ကျပ်အတိုင်းသာဆက်လက်ရှိနေတာဖြစ်ပြီး အဆိုပါ ၄၈၀၀ ကျပ်အထက်သို့တိုးမြှင့်ပေးလာခြင်းမရှိဘဲ ထောက်ပံ့ ကြေးအနေနဲ့ ကျပ် ၁၀၀၀ ကိုသာနှစ်ကြိမ်တိုးပေးထားကာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လို့ ပြည်တွင်းအလုပ်သမားတွေ ခက်ခဲနေကြတာပဲဖြစ်ပါတယ်။
 
"လာအိုမှာကအရင်ကတောင် တစ်လကိုအခြေခံလစာ ဒေါ်လာ၂၀၀ လောက်ရတယ်။ ခုဆိုလုပ်ခလစာတိုး မယ်ဆိုတော့ပိုပြီးစိတ်၀င်စားလာကြတယ်။ အရင်ကလည်း တရားမဝင်လမ်းနဲ့လည်းရအောင်သွားကြတယ်။ တစ်ပတ်ကတ်တွေနဲ့သွားကြတယ် မရရအောင်ကိုသွားလုပ်ကြတာပေါ့။ ပြည်ပရောက်ရင်ပြီးရော ပြည်ပကိုထွက်ရပြီးရောဆိုသူတွေအတွက် အလုပ်ကလည်းခေါ်တယ်။ ခုတရားဝင်လမ်းကြောင်းလည်း ပွင့်တယ်ဆိုတော့ လမ်းကြောင်းအသစ်ဖြစ်တာပေါ့"လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေသူတစ်ဦးက ပြောပါတယ်။
 
လာအိုနိုင်ငံရဲ့လက်ရှိလုပ်ခလစာဟာ အလုပ်ချိန်၁၂နာရီအချိန်ပိုမရှိ တစ်လလျှင် ဒေါ်လာ ၂၀၀ မှ ၂၅၀ ရရှိမယ်လို့ သဘောတူထားတာဖြစ်ပြီး နိုင်ငံတွင်းကမြန်မာလုပ်သားတွေရဲ့ တစ်နေ့လုပ်ခလစာဟာ ၄၈၀၀ ကျပ်နဲ့ထောက်ပံ့ကြေးကျပ်၂၀၀၀ သာရရှိနေတာကြောင့် မြန်မာအလုပ်သမားတွေဟာ သွားရောက်လုပ်ကိုင်လိုမှုများပြားလာတာဖြစ်ပါတယ်။
 
"ဒီလိုလက်မှတ်မထိုးခင်ကတည်းကပို့နေတဲ့အေဂျင်စီတွေရှိတယ်။ကျွန်တော်ကတော့ မပို့သေးဘူး။ အခြေအနေစောင့်ကြည့်နေတဲ့အပိုင်းပဲရှိသေးတယ်။ အေဂျင်စီတွေမပို့လည်း ပွဲစားတွေနဲဲ့ချိတ်ဆက်ပြီး တရုတ်ဘက်ကိုဝင်နေကြတာအများကြီးပဲ။ လာအိုအထည်ချုပ်တွေက လမ်းစရိတ်တွေကအစစိုက်ထုတ်ခေါ်ပြီး လစာထဲကဖြတ်တာတွေတောင် ရှိလိုက်သေးတယ်။လစာကနည်းပါတယ်။ ဒါပေမဲ့ ပြည်တွင်းက လုပ်ခလစာကမတိုးဘဲ ကုန်ဈေးနှုန်းတွေကမြင့်တော့ ထွက်တဲ့အလုပ်သမားများတယ်"လို့ ၎င်းကဆိုပါတယ်။
 
လက်ရှိလာအိုနိုင်ငံမှာ လူနေမှုစရိတ်မြင့်မားမှုကြောင့် လာအိုအစိုးရအနေနဲ့ အနိမ့်ဆုံးလုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၄ဒေါ်လာ(လာအိုကစ် ၃ သိန်း) က​နေ အမေရိကန်ဒေါ်လာ ၄၁ဒေါ်လာ(လာအိုကစ် ၉သိန်း)အထိ တိုးမြှင့်လိုက်တယ်လို့ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ရက်မှာ ကြေညာခဲ့ကာ အဆိုပါတိုးမြှင့်လိုက်တဲ့ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားအသစ်ဟာ အောက်တိုဘာလ ၁ရက်မှာစတင်တယ်လို့သိရပါတယ်။
 
"တကယ်က လုပ်ခလစာတိုးတာက သူ့နိုင်ငံအတွက်ပဲဖြစ်တယ်။ မြန်မာအလုပ်သမားတွေက တစ်လကို ၂၀၀၊ ၂၅၀ရမယ်လို့ Mouထိုးထားတာ။ အလုပ်ချိန်က ၁၂နာရီ အချိန်ပိုဘာညာမရှိဘူး။ အဆင်ပြေတဲ့စက်ရုံပြေတယ်။ မ​​ပြေတဲ့ရုံကမပြေကြဘူး။ သွားတာများနေတာကစရိတ်နဲလို့အလုပ်ရမြန်လို့သွားကြတာ"လို့ လုပ်ငန်းရှင်တစ်ဦး ကဆိုပါတယ်။
 
ပြီးခဲ့တဲ့အောက်တိုဘာလက လာအိုအလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ မြန်မာစစ်ကောင်စီအလုပ်သမာဝန်ကြီးဌာန တို့ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာဖြစ်သလို တရားဝင်ဝင်ရောက်လုပ်ကိုင်ဖို့နဲ့ တရားမဝင်ရောက်ရှိနေပြီးတဲ့ အလုပ်သမားတွေအတွက်လည်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့တွေရှိနေတာကြောင့် လာအိုနိုင်ငံသို့သွားရောက်လုပ်ကိုင်ဖို့အတွက် ယခင်ကထက်ပိုမိုစိတ်ဝင်စားလာကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026